Wednesday, November 28, 2012

မူးယစ်ဆေးသယ် တိုင်းရင်းသားတပ်ဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး

0 comments
နိုဝင်ဘာ(၂၈)

ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးဝါးတင်သွင်းလာတဲ့ မြန်မာပြည်ကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁ ဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ထဲမှာ ပစ်ခတ်မှုဖြစ်ပွားပြီးတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့က ၂ ဦး သေဆုံးသွားတယ်လို့ထိုင်းသတင်းဌာန ချန်နယ်လ် ၃ မှာ ဖော်ပြသွားပါတယ်။

ထိုင်းနိုင်ငံမှာ ဒီနေ့ကျင်းပနေတဲ့ လွိုင်းကထုန်း မီးဖောင်မျောပွဲတော်ကာလကိုအခွင့်ကောင်းယူပြီး တဘက်နိုင်ငံကနေ မူးယစ်ဆေးဝါးတွေတင်သွင်းလာမယ်လို့ ကြိုတင်သတင်းရထားတဲ့အတွက် ဗိုလ်မှူးကြီး ဘန်းဝပ်ထန ဖွန်းမကျန်းဦးဆောင် တဲ့ အမှတ် ၁၇ နည်းဗျူဟာတပ်ရင်း အထူးစစ်ဆင်ရေးတပ်က ဒီနေ့နံနက်စောစောက စောင့်ဖမ်းရာက ဖာဝေါင်ဒေသ မယ့်စွေဦးချောင်းအနီးမှာပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဟာ မြန်မာနိုင်ငံ ကယားပြည်နယ်ထဲကနေ၀င်ရောက်လာတာဖြစ်ပြီး သူတို့ဆီက မြင်းဆေး ခေါ် ယာဘအလုံးရေပေါင်း၎ သောင်းလောက် သိမ်းဆည်းရမိကြောင်း၊ တဘက် လက်နက်ကိုင်အဖွဲ့က၂ ဦးကျဆုံးပြီး ထိုင်းစစ်တပ်ဘက် ကတော့ထိခိုက်သူမရှိကြောင်း၊အခင်းဖြစ်ပွား ရာနေရာ ကို နောက်ထပ် စစ်တပ်၊ရဲနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေသွားရောက်ပြီး စစ် ကူဖြည့်နေကြောင်း ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here