Wednesday, November 28, 2012

မြိတ် တက္ကသိုလ်အနီး မီးလောင်မှု ဖြစ်ပွား

0 comments
နိုဝင်ဘာ(၂၈)

၀၁၂ နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက် (၁၀၃၀) ခန့်အချိန်တွင် မြိတ်မြိှု့ကလွင်ကျေးရွာ အုပ်စု အပိုင် ပုလဲဒီပါ ရပ်ကွက် ဗန္ဓုလလမ်း
လမ်းသွယ် (၂) ရှိ အမည် သတ်မှတ်ထားခြင်း မရှိသော ဘော်ဒါဆောင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ  မြိတ်မြို့နယ် မီးသတ်ဦးစီး ဌာန မီးသတ်ယာဉ်များနှင့် မြို့ပေါ် ရပ်ကွက်များ ရှိ ကိုယ့်အား ကိုယ်ကိုး မီးသတ်ယာဉ်များ ၊ ပြည်သူလူထုများ  ၀ိုင်းဝန်း ငြိမ်းသတ် မှုကြောင့် (၁၀၄၅) မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ 
 
မီးလောင်ကျွမ်းမှုမှာ နေအိမ်တွင် တပ်ဆင်ထားသော ၀ါယာကြိုးများ ရှော့ခ်ဖြစ်မှုကြောင့် မီးလောင် ကျွမ်းခြင်း ဖြစ်ပြီး ဆုံးရှုံးမှု အနေဖြင့်  နေအိမ် မျက်နှာကြက်၊ သစ်သား တံခါး (၉) ပေါက်နှင့် ကြမ်းခင်း အနည်းငယ် ပျက်စီးသွားပြီး ကြောင်း သိရသည်။ 


မီးလောင် ကျွမ်းမှု အပေါ် တာဝန်ရှိသည့် နေအိမ်ပိုင်ရှင် ဦးခင်လှိုင် (ဘ) ဦးထွန်ယုံ ၊ အသက် (၅၀)နှစ်၊ မှတ်ပုံတင် အမှတ် (၆/ကစန(နိုင်) 0943980) အား ပြစ်မှု ဆိုင်ရာ ပုဒ်မ ၂၈၅ ဖြင့် တရားစွဲဆို ထားကြောင်း သတင်း ရရှိပါသည်။ 




ရွှေမြန်မာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here