Thursday, November 1, 2012

ကျောက်မဲမှ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲ နှုန်းမြင့်တက်နေ

0 comments

နိုဝင်ဘာ(၁)

 

၂၀၁၂ ခုနှစ် သြဂုတ်လဆန်း ပိုင်းမှစတင်၍ ရှမ်းပြည်တောင်ပိုင်း၊  ကျောက်မဲမြို့တွင်းမူးယစ်ဆေးဝါး  သုံးစွဲမှုများ သိသာစွာများပြားလာ ကြောင်း ကျောက်မဲမြို့ခံများထံက  သိရသည်။ မူးယစ်ဆေးဝါးသုံးစွဲ  သူများမှာများသောအားဖြင့် ဆယ်  ကျော်သက်အရွယ်များဖြစ်နေပြီး အသက် ၁၄ နှစ်အရွယ်မှ အသက် ၃၅ နှစ်အရွယ်ဝန်းကျင်းအထိ သုံးစွဲသူများပါဝင်ကြောင်း သိရှိရ သည်။
“ကျွန်တော်တွေ့ဖူးတဲ့ ကောင်လေးတစ်ယောက်ဆို (၁၄)   နှစ်လောက်ပဲရှိဦးမှာ အဖြူသုံး တက်နေပြီ၊ ဘယ်ကဘယ်လိုရ တယ်ဆိုတာကို မပြောပြဘူး၊ မိဘ တွေကလဲကလေးငယ်သေးတော့ ဘယ်လိလုပ်ရမလဲမသိဘူးဖြစ်နေ တာ”ဟု အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူ ကိုအောင် (အမည်လွဲ) ကပြောသည်။ မူးယစ်ဆေးဝါးရောင်း  ချသူများမှာ တိုက်ရိုက်ရောင်းချ  ခြင်းမဟုတ်ပဲ ဖုန်းဖြင့်အချိတ် အဆက်ပြုလုပ်ရောင်းချကြောင်း အသက် ၂၃ နှစ်အရွယ် ကျောက်မဲ ဒေသခံလူငယ်တစ်ဦးကဆိုသည်။ “တစ်ဆင့်ဆက်သွယ်ပေးတဲ့လူတွေ  က လက်ဖက်ရည်ဆိုင်တွေမှ ထိုင်နေတတ်တယ်။ သုံးနေကြလူ တွေက ဖုန်းဆက်ပြီးပြောပေးတယ်။ သူတို့က အချိန်နဲ့နေရာကိုချိန်ပြီး တစ်ဆင့်ရောင်းတာ၊ သုံးတဲ့သူ ကိုယ်တိုင်က ဘယ်သူရောင်းပေး တယ်ဆိုတာတော မသိရဘူး၊ အဲလို နည်းနဲ့ပဲ လူငယ်တွေကြားထဲ ရောက်လာတာ”ဟု ၎င်းကဆက် လက်ပြောသည်။
ကလေးသူငယ်နာရင်လူးဆေး   ဗူးတစ်ဗူးအရွယ်အစားရှိဗူးတစ်ဗူး လျှင် ငွေကျပ်ရှစ်ထောင်မှ တစ်သောင်းဝန်းကျင်ခန့်ဖြင့် အရောင်းအ၀ယ်ပြုလုပ်နေကြောင်း  ယခင်သုံးစွဲဖူးသူအမည်မဖော်လိုသူ  လူငယ်တစ်ဦကပြေသည်။ “အစ်မ တို့ရပ်ကွက်ထဲတော့ ဟိုတစ်လော က လာဖမ်းသွားတာတွေ့တယ်၊ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်မှာ  အဖြူတွေနဲ့ အတူမိတာ၊ ဒါပေမဲ့  အခုနေရာတိုင်းမှာကို ကြားနေရ တာ များများထပ်ဖမ်းစေချင်တယ်” ဟု အမှတ် (၈) ရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ်ဈေးသည်  အမျိုးသမီးတစ်ဦးကပြောသည်။ မူးယစ်ဆေးဝါးများမှာ ဘိန်ဖြူ၊ ဘိန်းမဲ၊ ရာမ (စိတ်ကြွဆေးပြား)   ဆေးခြောက်နှင့် ဘိန်းဆီဟူ၍  အမျိုးအစားပေါင်းများစွာရှိပြီး သုံးစွဲမှုပမာဏပေါ်မူတည်၍ စိတ်ရောဂါအမျိုးမျိုးဖြစ်ပွားတတ် ပြီး ခုခံအားကျဆင်းမှုရောဂါများ  ကူးစက်ရောဂါများဖြစ်ပွားတတ် ကြောင်း အထွေထွေရောဂါဟု ဆရာဝန်များ၏ပြောဆိုချက်အရ  သိရသည်။ အဆိုပါမူးယစ်ဆေး ၀ါးများကို ကျောက်မဲသက်ဆိုင်ရာ မှ လိုက်လံဖမ်းဆီးအရေးယူပေးဖို့  ကျောက်မဲမြို့ဒေသခံတွေထံမှ  သတင်းရရှိသည်။

HotNews

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here