Saturday, December 1, 2012

ပအိုဝ်းပါတီရဲ့ မြေသိမ်းမှုဆိုင်ရာပြောဆိုချက်ကို တောင်ကြီးမှာ တုံ့ပြန်

0 comments
ဒီဇင်ဘာ(၁)



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်  ခေါ် PNO ပါတီ အတွင်းရေးမှုး(၃) ဦးမောင်ပေါင်း မကြာသေးခင်က ဂျာနယ်တစောင်သို့ ပြောဆိုချက်များသည် ဒေသခံပြည်သူများ ခံစားနေရသည်နှင့်  တလွဲစီဖြစ်နေကြောင်း တောင်ကြီးမြို့ ထီဟန်ဆေး ကျေးရွာ ဒေသခံများက ပြောသည်။

  နိုဝင်ဘာ ၁၇ ရက်နေ့ထုတ် ယူနတီ ဂျာနယ်တွင် ထိုပြောဆိုချက်များ ပါဝင်လာခြင်းဖြစ်သည်။

          ပေ ၁၈၀ အကျယ်ရှိတဲ့ မြေရိုင်းတွေ ပြန်ပေးမယ်လို့ PNO က ပြောကြားပေမယ့် ကျွန်တော်တို့ ထီဟန်ဆွေး ဒေသခံတွေ ပြန်လိုချင်တာ မြေရိုင်းတွေ မဟုတ်ဘူး၊ စိုက်ပျိုးလို့ရတဲ့ အသိမ်းခံ မြေတွေ ပြန်လိုချင်တာဖြစ်ကြောင်း   ရွာသားများကပြောသည်။

             တောင်းတာက မူလသိမ်းဆည်းခံနေရာမြေတွေပါ၊ ပြန်ပေးမယ် ပြောတာက စိုက်ပျိုးမြေတွေ မဟုတ်လို့ ကျွန်တော် တို့တော့ လက်မခံ နိုင်ကြောင်း ၊ပြန်ပေးမယ်ပြောတဲ့ ဧက ၂၀၀ ဆိုတာလည်း မရသေးကြောင်း  ဒေသခံတို့က ဆိုသည်။

              ၂၀၁၂ သြဂုတ်လအတွင်း ခြံ အသိမ်းခံတောင်သူ ၄၄ ဦးက ခြံမြေများ ပြန်လည် ရယူလိုကြောင်း ရှမ်းပြည်နယ် PNO ရုံး၊ ရှမ်းပြည်နယ် အုပ်ချုပ်ရေးရုံး၊ NLD၊ ကျားဖြူပါတီ ၊ ရှမ်းပြည်နယ် မြေစာရင်း ရုံးတို့ထံ တောင်းပန်စာများ ပေးပို့ခဲ့သည်၊  လယ်မြေ ဧက၂၀၀ကျော် ပြန်လည်ပေးမည်ဟု PNO က အကြောင်းပြန်ကြားထားသော်လည်း ယနေ့တိုင် လက်တွေ့ဘာမျှ မခံစားရသေးကြောင်း ဦးမြမောင် ၊ခွန်နောင်ကိုးတို့ အပါအ၀င် ထီဟန်ဆွေးရွာသားများက ပြောသည်။

            ယခုနောက်ဆုံးအနေဖြင့်  သမ္မတ၊  တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ လယ်မြေအရေး စုံစမ်း စစ်ဆေးရေးကော်မရှင် စသည့် ပုဂ္ဂိုလ်များ ဌာနများသို့ လိပ်မူပြီး  တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

               ထီဟန်ဆွေးရွာသည် တောင်ကြီးမြို့နယ်အတွင်း ပါဝင်ပြီး တောင်ကြီးမြို့ကနေ ၉မိုင်ကျော်ကွာဝေးသည်။

ရွာတွင်  အိမ်ခြေ တရာကျော်၊ ရွာသူရွာသား တထောင်ကျော် နေထိုင်ကြောင်း ဒေသခံ ဦးမြမောင် ထံမှ သိရသည်။





Add caption
ဧရာဝတီဘလော့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here