Saturday, December 1, 2012

ဇောတိက ဆရာတော်ဘုရာကြီးအား စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးတောင်းပန်

0 comments
ဒီဇင်ဘာ(၁)

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက သပိတ်စခန်းများတွင် ပါဝင်ခဲ့သူများသည်ဥပဒေအား မထီမဲ့မြင်ပြုနေ ၍ အရေးယူခြင်းဖြစ်ကြောင်း အဆိုပါ အရေးယူဖြိုခွဲမှုတွင် သံဃာတော်များ မထင်မှတ်ဘဲ ထိခိုက်မှုရရှိ ခဲ့ခြင်းကြောင်း ခွင့်လွှတ်ပေးပါရန် ယနေ့ကျင်းပ ပြုလုပ်သည့် ဆရာတော် ကြီးများ၏ သြ၀ါဒခံယူပွဲတွင်ပြော ကြား လိုက်သည်။

အဆိုပါ သြ၀ါဒခံယူပွဲမှာ မုံရွာမြို့ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်းဓမ္မာရုံတွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲဝင် အယောက် ၁၀၀ ကျော်ခန့်တက်ရောက်ဝန်ချတောင်းပန်ခဲ့ကြောင်းသိရသည်။

“သံဃာတော်များပါဝင်ခဲ့ပြီး သံဃာတော်တို့နောက်ကလူတစ်စု ကဖြစ်ပွားခဲ့သည်နှင့် ထွက်ပြေး တိမ်းရှောင်နေ ခဲ့ပါတယ်၊ဘုရား ၊သံဃာတော်များကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ခြင်းမရှိပါဘူး ဘုရား၊သံဃာတော်များထိခိုက်မိသဖြင့် မထင်မှတ်ဘဲ ထိခိုက်မိသဖြင့် စိတ်နှလုံး မသာမယာဖြစ်မိ ပါတယ်အရှင်ဘုရား၊တပြည့်တော်တို့ကိုခွင့်လွှတ်ပါရန် ရှိခိုးတောင်းပန်ပါတယ်အရှင်ဘုရား” ဟု တိုင်းရဲတပ်ဖွဲ့မှူးကြီးက ဇောတိ ကရာမကျောင်းတိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိန္ဒအား ပြော ကြားခဲ့သည်။

၎င်းကပင် “တပြည့်တော်တို့အနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အနည်းဆုံးအင်အားဖြင့်ထိခိုက်နစ်နာမှုနည်းအောင်ရှင်း လင်းခဲ့ပါတယ်မီးသက်ပိုက်၊မျက်ရည်ယိုဗုံးဖြင့်သာ ဖယ်ရှားရှင်းလင်းခဲ့ပါတယ်” ဟုထပ်မံပြောကြားခဲ့သည်။

လက်ပံတောင်းတောင်သပိတ်စခန်းများကြောင့် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများထိခိုက်ပြီး နိုင်ငံတော်၏အကျိုး ဆုတ်ယုတ်နိုင်ကြောင်းနှင့် သပိတ်စခန်းများ ဖွင့်လှစ်ရာ၌ နှစ်နိုင်ငံအကျိုးတူလုပ်ငန်းများရပ်ဆိုင်းစေ ခဲ့ကြာင်း ထပ်မံပြောဆိုသည်။

“ကျွန်တော်တို့က လုံးဝမကျေနပ်ဘူး၊သူတို့သုံးသွားတာက သူတို့ဘက်က တရားဝင်မှားတယ်လို့ထင် ထင်ပေါ်ပေါ် မပြောသွားဘူး၊မုံရွာမြို့ခံတစ်ယောက်အနေနဲ့လုံဝမကျေနပ်ဘူး၊သူတို့ပစ်လိုက်တဲ့ မီးလောင် ဗုံးကြောင့် ဆေးရုံမှာ သံဃာတော်တွေ တော်တော်ခံစားနေရတယ်၊ဗုဒ္ဓဘာ သာဖြစ်တဲ့အတွက် လုံးဝ မကျေနပ်ဘူး” ဟု လာရောက်နားထောင်သူ ဒေသခံတစ်ဦးက ၄င်း၏ အမြင်ကိုပြောကြားသည်။

အဆိုပါ သြ၀ါဒပွဲပြီးချိန်တွင် ဒေသခံများက အော်ဟစ်၍ ထွက်ခွါသွားပြီး ဒေ သခံတစ်ဦးက "သူတို့တွေက လိမ်တယ်၊သံဃာတော်တွေကိုလည်းလိမ် တယ်၊ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့အပြင်းအထန်ရှုံချပါတယ်" ဟုဆိုသည်။

 







စူးရှThe Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here