Wednesday, December 5, 2012

တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းတစ်လျှောက် အဖွဲ့ဖြင့် မှောင်ခိုဖမ်းဆီးရာ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများသာ အများဆုံးဖမ်းမိ

0 comments
ဒီဇင်ဘာ(၅)

Photo: တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းတစ်လျှောက် အဖွဲ့ဖြင့် မှောင်ခိုဖမ်းဆီးရာ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများသာ အများဆုံးဖမ်းမိ
5.12.2012

တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် (မူဆယ်ကုန်သွယ်ရေး လမ်းကြောင်း) တွင် တရားမဝင် ကုန်သွယ်မှုများအား Mobile Team ဖွဲ့ကာ စိစစ်ရာ၌ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများ အများဆုံးဖမ်းမိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဦးဆောင်ကာ Mobile Team အဖွဲ့ဖြင့် စိစစ်ရာ စားသောက်ကုန်နှင့် လူသုံးကုန်စည်များအား တစ်နိုင်တစ်ပိုင် တရားမဝင် သယ်ယူသူများဖမ်းမိပြီး သတ်မှတ်ကြေညာထားသည့် အရေးယူမှုအတိုင်း တိကျစွာ အရေးယူထားကြောင်း သိရသည်။

အချို့စားသောက်ကုန်များမှာ တရားဝင်တင်သွင်းခွင့် ပိတ်ပင်ထားသည့်အတွက် မီးရှို့ဖျက်ဆီးကြောင်း၊ ဥပမာအားဖြင့် အေးခဲကြက်သား၊ ကြက်အူချောင်းကဲ့သို့သော စားသောက်ကုန်များကိုမူ သိမ်းဆည်းကာ ဖျက်ဆီးသည့်စနစ် ကျင့်သုံးကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

Mobile Team ဖြင့် ဖမ်းဆီးရာတွင် နိုဝင်ဘာလကုန်ပိုင်းအထိ ကျပ် ၄၁၂ သိန်းကျော်ဖိုး ဖမ်းမိခဲ့ကြောင်းနှင့် ကျောက်စိမ်း ကျပ်သိန်း ၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

“Mobile Team နဲ့စိစစ်တာမှာ ကုန်သည်အငယ်တွေ၊ ကားသေးတွေ၊ ဆိုင်ကယ်တွေနဲ့ တစ်နိုင်တစ်ပိုင် တရားမဝင်စားသောက်ကုန်နဲ့ လူသုံးကုန်တွေသွင်းတာ ပိုပြီးစစ်ဆေးတွေ့ရှိတယ်။ လောလောဆယ်တော့ ပညာပေးကာလ သတ်မှတ်ထားတဲ့အတွက် လိုင်စင်ပြန်လုပ်ခိုင်းပြီး ပစ္စည်းထုတ်ပေးလိုက်တယ်။ ကျန်းမာရေးအာမခံချက်မရှိတဲ့ စားသောက်ကုန်တွေဆိုရင်တော့ ဖျက်ဆီးရတာပေါ့။ သတ်မှတ်ထားတဲ့အတိုင်း တိတိကျကျ အရေးယူပါတယ်” ဟု Mobile Team အဖွဲ့တွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တချို့ကုန်ကားကြီးတွေနဲ့ တရားမဝင်လုပ်တဲ့ သူတွေကလည်း နေ့ခင်းဘက်မှာပဲ စောင့်ဆိုင်းပြီး စိစစ်တဲ့အတွက် နေ့ဘက်မသွားဘဲ ညဘက်သွားကြတယ်။ ဒီတော့ ကုန်သည်အသေးတွေပဲ မိတာပေါ့” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Mobile Team အနေဖြင့် အများပြည်သူသို့ ထုတ်ပြန်ကြေညာကာ စိစစ်ခြင်း၊ အရေးယူခြင်းတို့ကို လုပ်ဆောင်သော်လည်း Mobile Team အဖွဲ့မရှိသည့် ပင်လယ်ရေကြောင်းမှ မှောင်ခိုကုန်သွယ်မှုများမှာမူ ဖမ်းဆီးရမိသော်လည်း တစ်နိုင်တစ်ပိုင်များ အရေးယူခံရသကဲ့သို့ မခံရသည့် ကုမ္ပဏီများရှိကြောင်းလည်း သိရသည်။
eleven

 
တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် (မူဆယ်ကုန်သွယ်ရေး လမ်းကြောင်း) တွင် တရားမဝင် ကုန်သွယ်မှုများအား Mob
ile Team ဖွဲ့ကာ စိစစ်ရာ၌ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများ အများဆုံးဖမ်းမိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဦးဆောင်ကာ Mobile Team အဖွဲ့ဖြင့် စိစစ်ရာ စားသောက်ကုန်နှင့် လူသုံးကုန်စည်များအား တစ်နိုင်တစ်ပိုင် တရားမဝင် သယ်ယူသူများဖမ်းမိပြီး သတ်မှတ်ကြေညာထားသည့် အရေးယူမှုအတိုင်း တိကျစွာ အရေးယူထားကြောင်း သိရသည်။

အချို့စားသောက်ကုန်များမှာ တရားဝင်တင်သွင်းခွင့် ပိတ်ပင်ထားသည့်အတွက် မီးရှို့ဖျက်ဆီးကြောင်း၊ ဥပမာအားဖြင့် အေးခဲကြက်သား၊ ကြက်အူချောင်းကဲ့သို့သော စားသောက်ကုန်များကိုမူ သိမ်းဆည်းကာ ဖျက်ဆီးသည့်စနစ် ကျင့်သုံးကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

Mobile Team ဖြင့် ဖမ်းဆီးရာတွင် နိုဝင်ဘာလကုန်ပိုင်းအထိ ကျပ် ၄၁၂ သိန်းကျော်ဖိုး ဖမ်းမိခဲ့ကြောင်းနှင့် ကျောက်စိမ်း ကျပ်သိန်း ၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

“Mobile Team နဲ့စိစစ်တာမှာ ကုန်သည်အငယ်တွေ၊ ကားသေးတွေ၊ ဆိုင်ကယ်တွေနဲ့ တစ်နိုင်တစ်ပိုင် တရားမဝင်စားသောက်ကုန်နဲ့ လူသုံးကုန်တွေသွင်းတာ ပိုပြီးစစ်ဆေးတွေ့ရှိတယ်။ လောလောဆယ်တော့ ပညာပေးကာလ သတ်မှတ်ထားတဲ့အတွက် လိုင်စင်ပြန်လုပ်ခိုင်းပြီး ပစ္စည်းထုတ်ပေးလိုက်တယ်။ ကျန်းမာရေးအာမခံချက်မရှိတဲ့ စားသောက်ကုန်တွေဆိုရင်တော့ ဖျက်ဆီးရတာပေါ့။ သတ်မှတ်ထားတဲ့အတိုင်း တိတိကျကျ အရေးယူပါတယ်” ဟု Mobile Team အဖွဲ့တွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တချို့ကုန်ကားကြီးတွေနဲ့ တရားမဝင်လုပ်တဲ့ သူတွေကလည်း နေ့ခင်းဘက်မှာပဲ စောင့်ဆိုင်းပြီး စိစစ်တဲ့အတွက် နေ့ဘက်မသွားဘဲ ညဘက်သွားကြတယ်။ ဒီတော့ ကုန်သည်အသေးတွေပဲ မိတာပေါ့” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Mobile Team အနေဖြင့် အများပြည်သူသို့ ထုတ်ပြန်ကြေညာကာ စိစစ်ခြင်း၊ အရေးယူခြင်းတို့ကို လုပ်ဆောင်သော်လည်း Mobile Team အဖွဲ့မရှိသည့် ပင်လယ်ရေကြောင်းမှ မှောင်ခိုကုန်သွယ်မှုများမှာမူ ဖမ်းဆီးရမိသော်လည်း တစ်နိုင်တစ်ပိုင်များ အရေးယူခံရသကဲ့သို့ မခံရသည့် ကုမ္ပဏီများရှိကြောင်းလည်း သိရသည်။


Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here