““အခုလက်ရှိ ရှမ်းပြည်နယ် အစိုးရက လန ၃၉တွေကို ပြန် လည်ရုပ်သိမ်းလိုက်ပါပြီ။ သို့သော် လက်တွေ့အားဖြင့်တော့ ဒီနေရာ မှာ အဆောက်အအုံတွေဖြစ်နေ ပြီ၊ဒါကြောင့် သမ္မတကြီးဆီမှာ အသနားခံစာ တင်ပြတယ်။သမ္မတကြီးက ထပ်ပြီးမှတ်ချက်ပြုတာ က သူတို့ကို ပုဂ်္ဂိုလ်ရေးအရ မ နစ်နာအောင်ဆိုတဲ့ နေရာမှာ တည် ဆောက်ဆဲ ဟိုတယ် ၁၃ခု ရှိတယ်။ ဒီ ၁၃ခုကိုတော့ ခွင့်ပြုပေးဖို့ သ ဘောတူလိုက်ပါပြီ””ဟု သစ်တော ရေးရာဝန်ကြီးဌာနမှ ပြည်ထောင် စုဝန်ကြီးဦးဝင်းထွန်းက ယခုလ ၈ရက်နေ့ ရန်ကုန်မြို့ငြိမ်းချမ်းရေး စင်တာ၌ သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး မြေနှင့်တိရိစ္ဆာန်ဘေးမဲ့တောကြိုး ၀ိုင်းမြေအတွင်း လန ၃၉ ထုတ် ပေးခွင့်မရှိဘဲ ယခင်အစိုးရလက် ထက်က မှားယွင်းစွာပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အထက်ပါဟိုတယ် ၁၃ခု အပြင် အင်းလေးကန်နှင့်နှစ်မိုင် အကွာရှိ သစ်တောကြိုးဝိုင်းမြေ အတွင်း၌ မြေဧက ၆၂၂ဧကတွင် ဟိုတယ် ၁၆လုံးပါဝင်သည့် ဟို တယ်ဇုန်အသစ်တစ်ခုကိုလည်း ထပ်မံတည်ဆောက်ခွင့်ပြုလိုက်ပြီး ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
““ခရီးသွားလုပ်ငန်းကလည်း၊ ဆက်လက်ပြီးတော့ ဖွံ့ဖြိုးတိုးတက် လာဖို့ရှိတော့ လက်ရှိ ဟိုတယ် တွေနဲ့မလုံလောက်ဘူး။ဒါကြောင့် ကန်စပ်တွေမှာပေးဖို့ မဟုတ်ဘဲနဲ့ သဘာဝကြိုးဝိုင်းနယ်မြေအတွင်း တော့ဖြစ်မလား။ သို့သော် ကန်ကို တိုက်ရိုက်ထိခိုက်မှုမရှိတဲ့ နေရာမှာ ဟိုတယ်ဇုန်လုပ်ဖို့နေရာရှာပေး လိုက်ပါဆိုပြီး သမ္မတကြီးက ဒီလို မူပေးပါတယ်။ ဒါကြောင့် ဦးတို့ ၀န်ကြီးဌာနအနေနဲ့ မြေနေရာ တိုင်းတာပြီး သစ်တောကြိုးဝိုင်းထဲ မှာ မြေဧက ၆၂၂ဧကကို ဟိုတယ် ဇုန်လုပ်ဖို့ ခွင့်ပြုပေးလိုက်ပါပြီ။ ဒီ အတွက်လည်း ဟိုတယ်ဝန်ကြီးဌာန နဲ့ရှမ်းပြည်နယ် အစိုးရတို့ပေါင်းပြီး Town Plan စဆွဲနေပါပြီ””ဟု အထက်ပါ ပြည်ထောင်စုဝန်ကြီး က ထပ်လောင်းပြောကြားသည်။
အဆိုပါဟိုတယ်များ တည် ဆောက်ပြီးပါက အင်းလေးကန် အနီးတ၀ိုက်၌ ဟိုတယ်အလုံးပေါင်း ၂၉လုံးရှိလာမည်ဖြစ်သည်။
အင်းလေးကန်သည် မြန်မာ နိုင်ငံ၌ ကမ္ဘာလှည့်ခရီးသည် အ များစုသွားရောက်သည့်နေရာတစ် ခုဖြစ်ခြင်းကြောင့် ယင်းကဲ့သို့ ဟိုတယ်ဇုန်အသစ်များပေါ်ထွက် လာသည်ကို ကြိုဆိုရမည်ဖြစ်သော် လည်း အင်းလေးကန်၏ ဂေဟ စနစ်နှင့်သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုမရှိအောင် အဓိကထားလုပ် ဆောင်သင့်ကြောင်း သဘာဝပတ် ၀န်းကျင် ပညာရှင်တစ်ဦးကသုံး သပ်ပြောကြားသည်။
The Hot News Weekly Journal