Friday, December 14, 2012

တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဗီယက်နမ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ ဒုဥက္ကဌတို့ တွေ့ဆုံဆွေးနွေး

0 comments

ဒီဇင်ဘာ(၁၄)


တောင်ကြီးမြို့နယ် ၊ အေးသာယာမြို့တွင် ရောက်ရှိနေတဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီအဖွဲ့နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့သည် တောင်ကြီးမြို့ ၊ သစ်တော ရပ်ကွက်ရှိရှမ်းပြည်နယ်အစိုးရဖွဲ့ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ(၁၄)ရက်နေ့ မနက် ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစ၀်အောင်မြတ် ၊ ရှမ်းပြည် နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဦးနိုင်ဝင်း၊ အင်းတိုင်း ရင်းသားရေးရာဝန်ကြီးဦးဝင်းမြင့်၊ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးဦးလောရင်း၊ပအိုဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဌဦးခွန်စံလွင်တို့တက်ရောက်ခဲ့ပြီးဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံလူမျိုး စုရေးရာ ကော်မတီမှဒုဥက္ကဌH.EMrSonMinhThang ခေါင်းဆောင်သောအဖွဲ့တို့တက်ရောက်ခဲ့
ကြပါတယ်။ ဆွေးနွေးပွဲတွင် မွေးမြူရေးဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here