Wednesday, December 5, 2012

သျှမ်း၊မြောက် နမ့်ခမ်း၌ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲအပေါ်ပြန်လည်ရှင်းလင်း

0 comments
ဒီဇင်ဘာ(၅)

နိုဝင်ဘာလ ၂၆ မှ ၂၈ ရက်နေ့ထိ ရန်ကုန်မြို့ တွင်ကျင်းပခဲ့သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက် ခြင်း ဆွေးနွေးပွဲအပေါ်ပြန်လည်ရှင်းလင်းပွဲကို သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ရှိ သျှမ်းစာပေယဉ်ကျေးမှုရုံး ၌  ယမန်နေ့က ကျင်းပခဲ့ကြောင်းစုံစမ်း သိရသည်။

Num kham picture            ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း ဆွေးနွေးပွဲအပေါ်ပြန်လည်ရှင်းလင်းပွဲ

“ ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းစောလှ နဲ့ သျှမ်းစာ/ယဉ် ဥက္ကဌ ဦးစိုင်းကျော်ဝင်း တို့ က ဖွင့်ပွဲ မိန့်ခွန်းပြော ကြတယ်၊ ရန်ကုန်မြို့  ဆွေးနွေးပွဲ သွားတက် လာခဲ့တဲ့ ၃ ဦးကလည်း နေ့ လည် ၁ နာရီမှ ညနေ ၄း၄၀ နာရီ အထိ တလှည့်စီ ပြန်လည်ရှင်းလင်းပြောကြားခဲ့တယ်၊ မြို့မိမြို့ဖ တွေနဲ့ ရပ်ကွက် ခေါင်းဆောင် အသီးသီး နိုင်ငံရေးပါတီဝင်တွေ စုစုပေါင်း ၁၀၀ နီးပါးတက်ရောက် ကြတယ်” ဟု ရှင်းလင်းပွဲ သို့တက်ရောက်ခဲ့သော နမ့်ခမ်းဒေသခံစိုင်းခမ်းကပြောပြသည်။

ရန်ကုန်မြို့ ဆွေးနွေးပွဲ  ရောက်ခဲ့သော သူ ၃ ဦးမှာ ကျားဖြူပါတီ မှ စိုင်းထွန်းလှ ၊ကျားခေါင်းပါ တီမှ စိုင်းမောက်ခမ်း ၊သျှမ်းစာပေ အဖွဲ့မှ စိုင်းမြင့်သန်း တို့ဖြစ်ကြကြောင်း၊စိုင်းထွန်းလှ က ၂၆ ရက်က ဆွေးနွေးပွဲမှ မှတ်သားစရာ များနှင့်ဆွေးနွေးချက်တင်ပြချက်များကို ပြောကြားကြောင်း ၊ ကျန်နှစ်ဦး မှာလည်း ၂၇ ရက်နေ့ နှင့် ၂၈ ရက်နေ့ ကဆွေးနွေးလာသော အကြောင်းအရာများကို   ပြန်လည်ပြောပြကြောင်း ၄င်းကဆိုသည်။

“နိုဝင်ဘာ၂၆ ရက်နေ့ က  လုံးခွန်ထွန်းဦး ရဲ့ မိန့်ခွန်းက အင်မတန်မှမှတ်သားစရာကောင်းလှပါတယ်၊ ဗမာစကားနဲ့ ပြောသွားတာ ။ ပြည်ထောင်စုကြီးဟာ ပန်းပေါင်းစုံပွင့်နေတဲ့တိုင်းပြည်ဖြစ်တယ်။ တိုင်းရင်းသားတွေဟာ ပြည် ထောင် စုကြီး ထဲမှာ ပွင့်နေကြတဲ့  ပြည်ထောင်စုပန်းပွင့်များ ဖြစ်ပါတယ်၊ အားလုံး အလှအပ ကိုယ်စီရှိနေကြပါ တယ်၊ ပိတောက်ပန်းက ကျက်သရေရှိနေသလို တောင်ဇလပ်ပန်းက ကျက်သ ရေရှိနေတာပဲ ချယ်ရီပန်းကလည်းလှတာပဲ ပြည်ထောင်စု ထဲက ပန်းအလှအပကို ဖျက်ဆီးတဲ့သူ၊  ပြည် ထောင်စုကြီး ကို ဖျက်ဆီးပစ်တဲ့သူဘဲ။ အဲဒီဖျက်ဆီးနေတဲ့သူကိုလည်း လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ပြောကြားခဲ့ကြောင်း ကျားဖြူပါတီ မှ စိုင်းထွန်းလှ က မိန့်ခွန်းထဲတွင် ပြောသည်။

ဤ ပြန်လည်ရှင်းလင်းဟောပြောပွဲ ကို နမ့်ခမ်းမြို့မှ ကျားခေါင်း၊ကျားဖြူပါတီ နှင့်သျှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ တို့က ပူပေါင်း ကျင်းပခဲ့သည်။

ရန်ကုန်မြို့၌ ကျင်းပ ခဲ့သော ငြိမ်းချမ်းရေး ဖြင့် ယုံကြည်မှုတည် ဆောက်ခြင်း ဆွေးနွေးတွင် အဖွဲ့အသီးသီး မှတင်ပြခဲ့သော အကြောင်းအရာ များ အများမိဘ ပြည်သူများသိ ရှိစေရန်ရည်ရွယ်ချက်ဖြင့်ကျင်းပကြောင်း ကျားခေါင်းပါတီ စိုင်းထွန်းလှ ထံမှ သိရှိရသည်။

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here