Wednesday, December 5, 2012

`၀´ နယ်မြေအတွင်းရှိအမျိုးသမီးငယ်များ တရုတ်ပြည်ဘက်သို့ ထွက်ပြေး

0 comments
ဒီဇင်ဘာ(၅)



အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိထားတဲ့ `၀´  တပ်ဖွဲ့တွေအနေနဲ့ တပ်ဖွဲ့ဝင်အင်အားတွေ တိုးမြှင့်ဖို့ အတွက် `၀´ တပ်ဖွဲ့ဝင်တွေ ကြီးစိုးတဲ့ဒေသတွေမှာရှိတဲ့ ယောက်ျားမှန်သမျှ တပ်ဖွဲ့မှာပါဝင်စစ်မှုထမ်းဖို့ကြေညာထား ပါတယ်။ `၀´  တွေအနေနဲ့ တစ်ဖက်မှာလည်း အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားသလို တစ်ဖက်မှာလည်း တပ်အင်အား တွေအဆမတန် တိုးမြှင့်နေတာဖြစ်ပါတယ်။ လူသစ်တွေစုဆောင်းပြီး တပ်ရင်းတွေတိုးချဲ့နေတဲ့အတွက် ဒေသခံ ရွာတွေကိုလည်း မူလနေရာကနေ အတင်းအကြပ်ရွှေ့ပြောင်းခိုင်းနေပါတယ်။

`၀´  ဒေသမှာနေထိုင်ကြရတဲ့ ဒေသခံအတွက်တော့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေ ပြည့်ပြည့်၀၀ မခံစားရဘဲ ကြောက်ကြောက်လန့်လန့် နေထိုင်သွားလာနေကြရပါတယ်။ တပ်ဖွဲ့တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုအောက်မှာ အသက်ရှင်သန်နေထိုင်ကြရတဲ့သူတို့ဘ၀တွေမှာ လူသစ်စုမယ်၊ တစ်အိမ်တစ်ယောက် ပေးရမယ်ဆိုလဲ ပေးလိုက် ရတာပါပဲ။ ယောက်ျားသားမရှိတဲ့ အိမ်တွေအနေနဲ့ လူသစ်တစ်ယောက်အတွက် ငွေကျက်()သိန်း ပေးနေ ရပါတယ်။ ငွေကြေးလဲမပေးနိုင်၊ လူသစ်လဲ မပေးနိုင်တဲ့ အိမ်တွေမှာတော့ ယောက်ျားမရှိရင် မိန်းမတွေ ထည့်ပေးကြရပါတယ်။ `၀´  တပ်ဖွဲ့တွေမှာ စစ်သားတွေ တိုးချဲ့ဖွဲ့စည်းနေသလို အမျိုးသမီးတပ်ဖွဲ့တွေလဲ ရှိနေပါတယ်။ ဒါကြောင့် အရွယ်ရောက်တဲ့ မိန်းကလေးအများစုဟာ တရုတ်ပြည်ဘက်ကို ထွက်ပြေးပြီး တရုတ်နိုင်ငံထဲမှာ ကြုံရာကျပန်းလုပ်ကိုင်စားသောက်ကြရတဲ့အကြောင်း ဒေသခံရွာလူကြီး ဦးပေါက်ယူက ပြောဆိုပါ တယ်။


`၀´  တပ်ဖွဲ့ရဲ့ စီးပွားရေးဟာ ဘိန်း စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းသာဖြစ်ပါတယ်။ အရင်တုန်းကဘိန်းကို ဘိန်းစိမ်း အနေအထားဖြင့်သာ ပို့ဆောင်ရောင်းချခဲ့ပေမယ့် အခုခါမှာတော့ ဘိန်းကို အဆင့်မြင့်ထုတ်လုပ် နိုင်ခဲ့ပြီဖြစ်လို့ စိတ်ကြွဆေးပြားအမျိုးမျိုးအထိ ထုတ်လုပ်လာခဲ့ပါတယ်။ အရင်တုန်းက ထိုင်း၊ တရုတ်၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေလောက်သာ ဖြန့်ဖြူးနိုင်ပေမယ့် ယနေ့ချိန်ခါမှာတော့ ကမ္ဘာအနှံ့အပြားကို ပို့ဆောင်ပေး နေပြီဖြစ်လို့ အမေရိကန်မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က အမြဲမပြတ်စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here