Wednesday, December 5, 2012

ပြင်သစ် နိုင်ငံတွင် ယူရို ငွေကြေး ၁ ဒသမ သန်းကျော် ဝှက်၍ သယ်ဆောင် လာသူ တရုတ် အမျိုးသား နှစ်ဦးကို ဖမ်းဆီးရမိ

0 comments
ဒီဇင်ဘာ(၅)

                                             ပြင်သစ် နိုင်ငံတွင် ယူရို ငွေကြေး ၁ ဒသမ သန်းကျော် ဝှက်၍ သယ်ဆောင် လာသူ တရုတ် အမျိုးသား နှစ်ဦးကို ဖမ်းဆီးရမိ

ယူရို ၁ဒသမ၈ သန်းကျော်ကို ကားထိုင်ခုံ နောက်တွင် ဝှက်၍ သယ်ဆောင်လာသော တရုတ် အမျိုး သား နှစ်ဦးကို ပြင်သစ် နိုင်ငံ အရှေ့ပိုင်း စတာဘာ့ဂ်မြို့ အနီးရှိ စစ်ဆေးရေး ဂိတ်တစ် ခုတွင်
အကောက် အခွန် ဌာနက သိမ်းဆည်း ရမိခဲ့ကြောင်း ဗြိတိသျှ သတင်းစာကြီး တစ် စောင်တွင် ဒီဇင်ဘာ ၃ ရက်က ဖော်ပြ ထားသည်။
အဆိုပါ ဖမ်းဆီး ရမိသော ယူရိုငွေ ကြေးများတွင် ၂ဝတန်၊ ၅ဝတန်၊ ၁ဝဝတန်၊ ၂ဝဝတန်နှင့် ၅ဝဝ တန်တို့ ပါဝင်ပြီး အကောက် အခွန် ဌာနက အဆိုပါ ယူရိုများကို နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီး ရမိ သော်လည်း စုံစမ်း စစ်ဆေးမှုများ ဆက်လက် ပြုလုပ်ခဲ့ရ သောကြောင့် ဒီဇင်ဘာ ၃ ရက်မှသာ လူသိရှင်ကြားေ ဖ်ာပြခဲ့ခြင်း   ဖြစ်ကြောင်း အ ကောက်ခွန် အရာရှိ တစ်ဦးဖြစ်သူ မာ့ခ်စတိန်း နားက ပြောကြား ခဲ့သည်။
ဖမ်းဆီး ရမိသူ နှစ်ဦးသည် ပေါ်တူဂီ နိုင်ငံတွင် နေထိုင်ကြပြီး ၄င်းတို့သည် ပြင်သစ် နိုင်ငံ သို့ လေ ယာဉ်ဖြင့် ရောက်ရှိ လာပြီးနောက် သြစတြီးယား နိုင်ငံ ဗီယင်နာ မြို့သို့ အလည်သွားရန် စီစဉ် နေချိန်တွင် ယခုကဲ့သို့ ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးအား ပြင်သစ် အာဏာပိုင် များက ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းလျက် ရှိကြောင်း သိရသည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here