Wednesday, December 5, 2012

"၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တောင်းဆိုမည်

0 comments
ဒီဇင်ဘာ(၅)



"၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တင်ပြတောင်းဆို သွားမည် ဖြစ်ကြောင်း "၀" အထူးဒေသ(၂) မှ ဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။

ဒီဇင်ဘာ(၄)ရက်နေ့က"၀"အထူးဒေသ(၂)ရှိပန်ဆန်းမြို့တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ များဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော် တို့ ဦးဆောင်သော အဖွဲ့ နှင့် တွေ့ဆုံသည့်ပွဲတွင် ယင်း ကဲ့သို့ ပြောကြားခဲ့သည်။

"၀" ပြည်နယ်ရရှိရေးအတွက် လွှတ်တော်မှာ တင်ပြတောင်းဆိုသွားမှာပါ ဟု ယင်းက အထက်ပါအတိုင်းပြော ကြားခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) အပိုဒ် ၅၆(စ) တွင် ရှမ်းပြည်နယ်ရှိ ဟိုပန် မြို့နယ် ၊ မိုင်းမော မြို့နယ် ၊ ပန်ဝိုင်မြို့နယ် ၊နားဖန်းမြို့နယ်၊မက်မန်းမြို့နယ်၊ နှင့်ပန်ဆန်း(ပန်ခမ်း)  မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) အပိုဒ် ၅၅ တွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်းတစ်ခုခု၏ အမည် ကိုဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုခု၏ အမည်ကို ဖြစ်စေ ပြောင်းလဲ သတ်မှတ်လိုလျှင် တိုင်းဒေသကြီးတစ်ခုခုအမည်ကို ဖြစ်စေ ၊ ပြည်နယ် တစ်နယ်နယ်၏ အမည် ကိုဖြစ်စေ ၊ ပြောင်းလဲသတ်မှတ်သည့် နည်းလမ်းအတိုင်း ပြောင်းလဲသတ်မှတ်ရမည် ဟု ဖော်ပြပါရှိသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here