Thursday, December 13, 2012

အုပ်ချုပ်ရေးကို ၀င်စွက်ဖက်ယုံမက လူသစ် ၁၉ ဦးအား မင်းမဲ့ဆန်ဆန် စုဆောင်းသွားသော ကေအိုင်အေ

0 comments
ဒီဇင်ဘာ(၁၃)

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးမတည်ငြိမ်မှုများကိုအခွင့်ကောင်းယူ၍ကချင်ပြည်နယ်အတွင်း ကေအိုင်အေ အဖွဲ့၏ အဓမ္မလူသစ် စုဆောင်းမှုများကို ပြုလုပ်လျှက် ရှိသည်။ ဆော့လော် မြို့နယ် အုပ်ချုပ်ရေး ရုံး မှ ဒုဦးစီးမှူး ဦးမြသိန်းမောင်၊ ဦးဇယ်ဒေါင်၊ဦးလွမ်းခေါင်နှင့် ဒေါ်ဇောင်းနော်တို့၎ဦးမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးကော်မတီဖွဲ့ရန်အတွက်သွားရောက်ရာတွင် မျောချောင်း ကျေးရွာ သို့ အရောက် ကေအိုင်အေများ ရောက်လာပြီး စစ်တပ်နှင့်ရဲ ပါသလား ဆိုကာစစ်ဆေးမေးမြန်း ခဲ့သည်။ 

နိုင်ငံ့ဝန်ထမ်းများ၏တာဝန်များအား ပြည်နယ်အစိုးရရှိပါလျှက်ကန့်သတ်မှုများ ပြုလုပ်ကာ မျောချောင်းရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပတ်ဝန်းကျင်ရွာများမှ လူများ၊ ခရီးသွားများ ကို ၄င်းတို့ စိတ်တိုင်းကျ ခေါ်ယူခဲ့သည်။ ထို့နောက် ကေအိုင်အဖွဲ့ ရင်း(၁၀)မှ ဗိုလ်ကြီး အဆင့် ရှိ လော့ဒ်ကွမ်ဆော်ဘောမ်၊ ဆလန် ကဘာ လွမ်းဒေါင်တို့မှ သယံဇာတ တွေကို ဦးဇခုန်တိန့်ယိမ်းက သူ့မိသားစုအတွက် ထုတ်နေတယ်၊ ဒီမြေ ကို ငါတို့ ပိုင်ရမယ် ဆိုကာ ၁၀-၁၂-၂၀၁၂ တွင် ဆော့လော်မှ ၃ ဦး၊ မျောချောင်းမှ ၅ ဦး၊ မန်ပျော့မှ ၆ ဦး၊ အော်ဆော့လော်မှ ၂ ဦး၊ မန်ကျီမှ ၂ ဦး၊ လောင်တယ်မှ ၁ ဦး ဖြင့် စုစုပေါင်း ၁၉ ဦးအား မေခမြစ်တစ်ဖက်ကမ်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသည့်မိသားစုဝင်များမှ ကေအှိုင်အေအဖွဲ့သို့ ပြန်လွှတ်ပေးရန် ပြောခဲ့သော်လည်း ကေအိုင်အေ များမှ ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့်အတွက် ရွာသားများ စုပေါင်းပြီး တပ်မတော် စစ်ကြောင်း ထံ သွားရောက်ပြောကြားခဲ့ကြောင်း သိရသည်။

မန်ပျော့မှ ရွာသား တစ်ဦးမှ ယခုလိုမျိုး ခဏခဏလာပြီး ဖမ်းဆီးကြောင်း၊ ပြီးခဲ့သည့် အပတ်က မိန်းကလေး၃ ယောက်ကိုလာခေါ်သွားခဲ့ကြောင်း၊ယခုထိအခြေအနေမသိရသေးကြောင်း ပြောခဲ့သည်။

မြန်မာ့တပ်မတော်သည် နိုင်ငံတော် သမ္မတ၏ ထိုးစစ်မဆင်ရ ညွှန်ကြားချက်ကြောင့် စခန်းသိမ်း တိုက်ပွဲ များ ဆင်နွှဲခြင်း မရှိဘဲ နယ်မြေလုံခြုံရေး တာဝန်များ ဆောင်ရွက်လျှက် ရှိသည်။ ရွာသားများ၏ တိုင်ကြား ချက်များ၊ ကေအိုင်အေ အဖွဲ့၏ လူသစ်ဖမ်းဆီး စုဆောင်မှု များကြောင့် ဒေသခံ ပြည်သူများအခက်တွေ့နေကြောင်း၊စစ်ကြောင်းများသို့အကူအညီ တောင်းခံသည့် ရွာသားများအား ကူညီပေးနိုင်ရန် စခန်း သိမ်း တိုက်ပွဲများ ခွင့်ပြု ပေးသင့်ကြောင်း နယ်မြေတွင် လှုပ်ရှားနေသော တပ်မှ သတင်းပို့ထား သည်ဟု သိရသည်။

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ယခုနှစ်အကုန်တွင် မအောင်မြင် ပါက ပြည်သူ့ လွှတ်တော်တွင် ကေအိုင်အေအား အကြမ်းဖက်သောင်းကျန်းသူ အဖြစ် တိုက်ခိုက်စေရန် အဆိုတစ်ခု တင်သွင်း ဖို့ ရှိကြောင်း လွှတ်တော် အသိုင်းအ၀ိုင်းမှ သိရသည်။
 

 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here