Thursday, December 13, 2012

ကသာမြို့မှ အကြောင်းမဲ့ ပျောက်ဆုံးလျှက် ရှိနေသော မိန်းကလေး

0 comments
ဒီဇင်ဘာ(၁၃)

ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက် ဆုံး သွား ခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်ကိုင်သူဖြစ်ကြောင်း ၄င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊

“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက် လိုက်သွားရင်လည်း အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရ မှာပေါ့၊အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေရပါတယ်၊သမီးလေးပျောက် သွားတဲ့နေ့က စက်ချုပ်ပစ္စည်းတွေလည်း ပါသွား တယ်၊သူ့ဆိုင်ကယ်ကိုလည်း ပေါင်သွားတယ်၊သူဆိုင့်ကယ်သွားပေါင်တဲ့မိတ်ဆွေကပြောတာတော့ မေသက်ဇွန်ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတစ်ယောက်ပါလာတယ်တဲ့၊ နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေးနဲ့ ပဲ တွေ့တဲ့ သူ ရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့ အနေနဲ့ လူကုန်ကူးခံလိုက်ရပြီလားလို့ တွေးမိပါတယ်”
 

ဒေါ်ခင်နန်းမြင့်ပြောခဲ့သည့် ဖြစ်စဉ်မျိုးမှာ၂၀၁၀ခုနှစ်ကလည်းအင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ပါသည်၊
မြို့ခံ မိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင် ငံသို့ခေါ်ဆောင် ရောင်းချခဲ့သည့် ဖြစ်စဉ်များဖြစ်ပါသည်၊ထိုဖြစ်စဉ်အား ကျွန်တော် မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့ သည့် တရား ခံ များအားလုံး ထောင် (၁၀)နှစ် ကျခံ လိုက်ရပြီးဖြစ်ပါသည်၊

ယခုပျောက်ဆုံးသွားသည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွားခဲ့သော ခြေရာလက်ရာ အတိုင်းဖြစ်ေ န ပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ၊ ထိုပျောက် ဆုံးသွားသောမိန်းကလေးနှင့် ပါတ်သက်၍တွေ့ရှိသူများး၊တွေ့မြင်သူများရှိပါက ကျွန်တော့်ထံ အွန်လိုင်းမှ တဆင့်(သို့မဟုတ်) ဖုန်း၀၉၆၄၆၈၄၅၅ သို့ ဆက်သွယ်ကူညီပေးနိုင်ရန် ရေးသား လိုက် ရပါသည်၊
(ဟာဂျူလီ-ကသာ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here