Friday, December 7, 2012

သိန်းထောင်ချီလည်း အ၀ယ်လိုက်နေသည့် ပုဂံညောင်ဦးအိမ်ခြံမြေဈေးကွက်

0 comments
ဒီဇင်ဘာ(၇)

Photo: သိန်းထောင်ချီလည်း အ၀ယ်လိုက်နေသည့် ပုဂံညောင်ဦးအိမ်ခြံမြေဈေးကွက် Thursday, December 06, 2012  ပုဂံညောင်ဦးမြို့ပေါ်၌ ကမ္ဘာ့လှည့်ခရီးသည် လည်ပတ်ဝင်ရောက်မှု များပြားလာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များမှ အိမ်ခြံမြေများ ၀ယ်ယူရင်းနှီးမြှုပ်နှံမူ ပိုမိုများပြားလာကြောင်း ဒေသခံ အိမ်ခြံမြေ အကျိုးတော်ဆောင်များထံက သိရှိရသည်။  “ဒီလထဲမှာကို တော်တော်အရောင်းအ၀ယ် လုပ်နေကြတာ၊ လာဝယ်တဲ့ သူတွေကလည်း စီးပွားရေးလုပ်ဖို့အတွက် လာဝယ်ကြတာ များတယ်၊ ပုဂံမှာက ခရီးသွားတွေများလာရင် ရေရှည်ရင်းနှီးမြှုပ်နှံဖို့ အတွက် အလားအလာကောင်းတဲ့ နေရာပဲ”ဟု ပုဂံညောင်ဦးမြို့အိမ်ခြံမြေ အကျိုးဆောင် ကိုမောင်ကောင်းက ပြောသည်။  ပုဂံဒေသသို့ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာနိုင်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံရှိသမိုင်းဝင် ရှေးဟောင်းနယ်မြေများသို့ လာရောက်လေ့လာနိုင်ခြင်းကြောင့် ၄င်းနယ်မြေ များတွင် စီးပွားရေးလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမူပိုမိုများပြားခြင်းဖြစ်ကြောင်း ပုဂံဒေသခံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များက ပြောဆိုသည်။  နိုဝင်ဘာလပိုင်း၌ ပုဂံမြို့သစ်အတွင်းပိုင်းရှိ လမ်းမကြီးဘေးတွင် ပေ(၆၀×၈၀) မြေကွက်ကို ကျပ်သိန်း (၇)ထောင်နှင့် မြို့လမ်းမကြီး ဘေးရှိ ပေ(၆၀×၈၀)မြေကွက်ကို ကျပ်သိန်း(၄၅၀၀)ဖြင့် အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။  ပုဂံမြို့သစ်တွင် ဟိုတယ်များ၊ အဆောက်အဦးသစ်များ၊ စားသောက် ဆိုင်များ၊ လူနေအိမ်များတည် ဆောက်နိုင်ခြင်းကြောင့် ပုဂံမြို့(ရှေးဟောင်း နယ်မြေ) မြေဈေးကွက်ထက် ပိုမိုမြင့်မားနေခြင်းဖြစ် ကြောင်း သိရှိရသည်။  “အခုရက်ပိုင်းမှာကို မြေကွက်တွေ တော်တော်လေး အ၀ယ်လိုက် နေတယ်။ ဈေးမြင့်တဲ့ အကွက်တွေပါ အရောင်းအ၀ယ်ဖြစ်နေ ကြတော့ ဈေးနည်းတာတွေပါ အ၀ယ်လိုက်လာတယ်။ မြို့မှာက ရှေးဟောင်း နယ်မြေဆိုတော့ မြို့သစ်က ပိုအရောင်း အ၀ယ်ဖြစ်တယ်”ဟု ဒေသခံ ကိုမင်းနိုင်အောင်က ပြောသည်။  ရွှေစည်းခုံဘုရားကြီးအနီးရှိ ပေ(၆၀×၈၀)မြေကွက်များမှာ ကျပ်သိန်း (၇)ထောင်ဝန်းကျင်ရှိပြီး ညောင်ဦးမြို့လယ်(ဈေးအနီး) လမ်းမကြီး ဘေးရှိ ပေ(၆၀×၈၀)မြေကွက်များသည် ကျပ်သိန်း (၄)ထောင်မှ  ကျပ်သိန်း (၁)သောင်း ၀န်းကျင် အထိရှိကာ ညောင်ဦးမြို့အ၀င် လမ်းမကြီးဘေးရှိ ပေ(၆၀×၈၀)မြေကွက်မှာ ကျပ်သိန်း (၃၀၀)၀န်းကျင် ခေါ်ဈေးရှိကြောင်း သိရှိရသည်။  လာရောက်ဝယ်ယူသူများမှာ နေရာကောင်းများကိုသာ ရန်ကုန်အပါ အ၀င်ခြားမြို့ကြီးများမှ လုပ်ငန်းရှင်များက ကြိုက်ဈေးပေး၍ ၀ယ်ယူနေခြင်းဖြစ်ကြောင်း အကျိုးတော်ဆောင်များထံက သိရသည်။  ညောင်ဦးမြစ်ကမ်းဘေးရှိ The Beach စားသောက်ဆိုင်အနီးဝန်ကျင် တစ်လျှောက်ရှိ ပေ(၆၀×၈၀) မြေကွက်များသည် ကျပ်သိန်း (၈)ထောင် ၀န်းကျင်နှင့် ယွန်းထည်အများဆုံးထုတ်လုပ်သည့် မြင်းကပါ ရွာရှိ ပေ(၆၀×၈၀)မြေကွက်များသည် ကျပ်သိန်း (၇)ထောင်ဝန်းကျင် ရှိနေကြောင်းကိုလည်းသိရသည်။  ငြိမ်းချမ်း (မြစ်မခ) Myit Makha Mediagroup
ပုဂံညောင်ဦးမြို့ပေါ်၌ ကမ္ဘာ့လှည့်ခရီးသည် လည်ပတ်ဝင်ရောက်မှုများပြားလာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များမှအိမ် ခြံမြေများဝယ်ယူရင်းနှီးမြှုပ်နှံမူ ပိုမိုများပြားလာကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးတော်ဆောင်များထံက သိရှိရသည်။
“ဒီလထဲမှာကို တော်တော်အရောင်းအ၀ယ် လုပ်နေကြတာ၊ လာဝယ်တဲ့သူတွေကလည်း စီးပွားရေးလုပ်ဖို့အတွက် လာဝယ်ကြတာ များတယ်၊ ပုဂံမှာက ခရီးသွားတွေများလာရင် ရေရှည်ရင်းနှီးမြှုပ်နှံဖို့ အတွက် အလား အလာကောင်းတဲ့ နေရာပဲ”ဟု ပုဂံညောင်ဦး မြို့အိမ်ခြံမြေ အကျိုးဆောင် ကိုမောင်ကောင်း က ပြော သည်။

ပုဂံဒေသသို့ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာနိုင်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ ရှိ သမိုင်းဝင် ရှေးဟောင်းနယ်မြေများသို့ လာရောက်လေ့လာနိုင်ခြင်းကြောင့် ၄င်းနယ်မြေ များတွင် စီးပွားရေးလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမူပိုမိုများပြားခြင်းဖြစ်ကြောင်း ပုဂံဒေသခံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များက ပြောဆိုသည်။

နိုဝင်ဘာလပိုင်း၌ ပုဂံမြို့သစ်အတွင်းပိုင်းရှိ လမ်းမကြီးဘေးတွင်ပေ(၆၀×၈၀) မြေကွက်ကို ကျပ်သိန်း (၇)ထောင်နှင့် မြို့လမ်းမကြီးဘေးရှိ ပေ(၆၀×၈၀)မြေကွက်ကို ကျပ်သိန်း(၄၅၀၀)ဖြင့် အရောင်း အ၀ယ် ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

ပုဂံမြို့သစ်တွင် ဟိုတယ်များ၊ အဆောက်အဦးသစ်များ၊ စားသောက်ဆိုင်များ၊ လူနေ အိမ်များ တည် ဆောက်နိုင်ခြင်းကြောင့် ပုဂံမြို့(ရှေးဟောင်းနယ်မြေ) မြေဈေးကွက်ထက် ပိုမိုမြင့် မားနေခြင်းဖြစ် ကြောင်း သိရှိ ရသည်။

“အခုရက်ပိုင်းမှာကို မြေကွက်တွေ တော်တော်လေး အ၀ယ်လိုက်နေတယ်။ ဈေးမြင့်တဲ့ အကွက်တွေပါ အရောင်းအ၀ယ်ဖြစ်နေ ကြတော့ဈေးနည်းတာတွေပါ အ၀ယ်လိုက်လာတယ်။ မြို့မှာက ရှေးဟောင်း နယ်မြေဆိုတော့ မြို့သစ်က ပိုအရောင်း အ၀ယ်ဖြစ်တယ်”ဟု ဒေသခံ ကိုမင်းနိုင်အောင်က ပြောသည်။

ရွှေစည်းခုံဘုရားကြီးအနီးရှိ ပေ(၆၀×၈၀)မြေကွက်များမှာ ကျပ်သိန်း (၇)ထောင်ဝန်း ကျင်ရှိပြီး ညောင်ဦးမြို့ လယ်(ဈေးအနီး) လမ်းမကြီးဘေးရှိ ပေ(၆၀×၈၀)မြေကွက်များသည် ကျပ်သိန်း (၄)ထောင် မှ ကျပ်သိန်း (၁)သောင်း ၀န်းကျင် အထိရှိကာ ညောင်ဦးမြို့အ၀င် လမ်းမကြီးဘေး ရှိ ပေ(၆၀×၈၀)မြေကွက် မှာ ကျပ်သိန်း (၃၀၀)၀န်းကျင်ခေါ်ဈေးရှိကြောင်း သိရှိရသည်။

လာရောက်ဝယ်ယူသူများမှာ နေရာကောင်းများကိုသာ ရန်ကုန်အပါအ၀င်ခြားမြို့ကြီးများမှ လုပ်ငန်းရှင် များက ကြိုက်ဈေးပေး၍ ၀ယ်ယူနေခြင်းဖြစ်ကြောင်း အကျိုးတော်ဆောင်များထံက သိရသည်။

ညောင်ဦးမြစ်ကမ်းဘေးရှိ The Beach စားသောက်ဆိုင်အနီးဝန်ကျင် တစ်လျှောက် ရှိ ပေ(၆၀×၈၀) မြေကွက် များသည် ကျပ်သိန်း (၈)ထောင်ဝန်းကျင်နှင့် ယွန်းထည် အများဆုံး ထုတ်လုပ်သည့် မြင်းကပါ ရွာရှိပေ(၆၀×၈၀)မြေကွက်များသည် ကျပ်သိန်း (၇)ထောင်ဝန်းကျင် ရှိနေကြောင်း ကိုလည်းသိရသည်။

  (မြစ်မခ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here