Monday, December 3, 2012

စစ်ဘက် အရာရှိ ရာပေါင်း များစွာ သူလျှိုများ အဖြစ် နိုင်ငံ ရပ်ခြားသို့ စေလွှတ်မည်

0 comments
ဒီဇင်ဘာ(၃)


 
ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) အတွင်း၌ ပြိုင်ဘက် ကင်းသည့် network သူလျှို လုပ်ငန်းများ စုစည်း ဆောင်ရွက်နိုင်ရန် အတွက် ပင်တဂွန် အနေဖြင့် စစ်ရေးအရ တန်ဖိုးရှိသော သတင်းများ စုရုံး ထောက်လှမ်းမှု များအား အဓိကထား ဖြန့်ကြက်မည့် အစီအစဉ် များကို ရေးဆွဲလျက် ရှိကြောင်း ဝါရှင်တန်ပို့ သတင်း ဌာနမှ ထုတ်ပြန်ခဲ့ ပါသည်။ အဆိုပါ စီမံကိန်း၏ အစိတ်အပိုင်း အဖြစ် အမေရိကန် တပ်မတော်မှ စစ်ဘက် အရာရှိ များအား ရာပေါင်း များစွာသော သူလျှိုများ အဖြစ် နိုင်ငံ ရပ်ခြားသို့ စေလွှတ်လိမ့်မည် ဖြစ်ကြောင်း အမည်မဖော် လိုသော အမေရိကန် အရာရှိ များ၏ ပြောကြားချက်အား ကိုးကား၍ သတင်းဌာန မှ ဖော်ပြခဲ့ ပါသည်။ ပြီးခဲ့သော ဆယ်စုနှစ် တစ်ခုအတွင်း အီရတ်နှင့် အာဖဂန် နစ္စတန် နိုင်ငံများ အတွင်း စစ်ပွဲ ဖြစ်ပွားရန် ဆက်စပ်သည့် လှုပ်ရှားမှုများ အပေါ် အဓိက အားဖြင့် အာရုံစိုက် ဆောင်ရွက်သည့် စစ်ဘက် ထောက်လှမ်းရေး အေဂျင်စီ (DIA) စစ်ဆေး ပြုပြင်ပေးသည့် အစီအစဉ် ဖြစ်ကြောင်း သိရှိရ ပါသည်။ ပင်တဂွန်၏ ထိပ်တန်း ဦးစားပေး စစ်ဘက် သတင်း ရယူခြင်း များတွင် အာဖရိက တိုက်အတွင်းရှိ စစ်သွေးကြွ အုပ်စုများ ၊ မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံ တို့၏ လက်နက် ရွှေ့ပြောင်းမှု များနှင့် တရုတ် နိုင်ငံအတွင်း စစ်ဘက်ဆိုင်ရာ ခေတ်မီ နည်းစနစ်များ ပါဝင်ကြောင်း သတင်းစာက ရေးသား ဖော်ပြခဲ့ ပါသည်။
 
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here