Thursday, December 27, 2012

မိန်းမပျို ရောင်းစားနေတဲ့ မြန်မာနှစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

0 comments

ဒီဇင်ဘာလ ၂၇


Photo: မိန်းမပျို ရောင်းစားနေတဲ့ မြန်မာနှစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

27.12.2012

ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား မြန်မာနိုင်ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်ဖက်ကနေ တရားမဝင်ခေါ်သွင်းလာတဲ့
မြန်မာအမျိုးသမီးတွေဟာ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်
မှာ ပြည့်တန်ဆာ အလုပ်လုပ်ကိုင်နေရကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်ကြားလာတဲ့အတွက် ကွင်းဆင်းစုံစမ်းမှုတွေ ပြုလုပ်ပြီးနောက် အခုလိုဖမ်းဆီးနိုင်ခဲ့တာ ဖြစ်
တယ်လို့ ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးရုံးက အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတွေကို နောင်လူး
ရပ်ကွက် အုပ်စုအတွင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဝင်ရောက်ရှာဖွေခဲ့ရာမှာ မနွေး ဆိုတဲ့ အသက် ၃ဝ အရွယ် မြန်မာအမျိုး
သမီးကို တွေ့ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသမီး ၃ ဦးထံက သိရှိထားတာက မနွေးကနေပြီး လာရှာတဲ့ ဧည့်သည်တွေကို တစ်ယောက်ကို ဘတ်ငွေ ၁၅ဝဝ နဲ့ လိုက်အိပ်ခိုင်းတယ်။ လာအိပ်တဲ့ ဧည့်သည်တွေ လာရှာပြီဆိုရင် မနွေးက ပြည့်တန်ဆာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေ
ကို ထိန်းသိမ်းထားတဲ့ ကိုသိန်းကျော် ဆိုတဲ့သူထံကို တဆင့်ပို့ပေးတယ်။ ကျနော်တို့က ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်း သက်သေအထောက်အထား
တွေနဲ့ မနွေး နဲ့ ကိုသိန်းကျော် တို့ကို ဖမ်းဆီးခဲ့တယ်"

ထိုင်းနိုင်ငံကို ဘယ်လိုရောက်ရှိလာပြီး အခုလို အလုပ်လုပ်ကိုင်နေရတယ်
ဆိုတာတွေ မေးမြန်းဖို့ အဲဒီမြန်မာအမျိုးသမီးတွေကို ဘန်ကောက် လူကုန်
ကူးမှု တားဆီး ကာကွယ်ရေးဌာနကို ခေါ်ဆောင်သွားပြီး ပြီးရင် မြန်မာနိုင်ငံ
ကို ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

လူကုန်ကူးမှုလုပ်ကိုင်နေတဲ့ မနွေးနဲ့ ကိုသိန်းကျော်တို့နှစ်ဦးကိုတော့ လူကုန်ကူးမှု၊ ထိုင်းနိုင်ငံထဲ တရားမဝင်ခေါ်ဆောင်လာမှုစတဲ့ အမှု ၅ ခုနဲ့ တရားစွဲဆိုပြီး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာနက အရာရှိက ပြောသွားပါတယ်။

RFA
ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား

 မြန်မာနိုင်ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်ဖက်ကနေ တရားမဝင်ခေါ်သွင်းလာတဲ့မြန်မာအမျိုးသမီးတွေဟာ ထိုင်းနိုင်ငံ 

ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှာ ပြည့်တန်ဆာ အလုပ်လုပ်ကိုင်နေရကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်ကြားလာတဲ့အတွက်ကွင်းဆင်းစုံစမ်းမှုတွေ ပြုလုပ်ပြီး
နောက်အခုလိုဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးရုံးက အရာရှိတစ်ဦးက
 RFA ကို ပြောပါတယ်။

ပြည့်တန်ဆာအလုပ်လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတွေကို နောင်လူးရပ်ကွက် အုပ်စုအတွင်းမှာ

ဒီဇင်ဘာ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဝင်ရောက်ရှာဖွေခဲ့ရာမှာ မနွေး ဆိုတဲ့ အသက် ၃ဝ အရွယ်
 မြန်မာအမျိုးသမီးကို တွေ့ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသမီး ၃ ဦးထံက သိရှိထားတာက မနွေးကနေပြီး လာရှာတဲ့ ဧည့်သည်တွေကို တစ်ယောက်ကို ဘတ်ငွေ ၁၅ဝဝ နဲ့ လိုက်အိပ်ခိုင်းတယ်။ လာအိပ်တဲ့ ဧည့်သည်တွေ လာရှာပြီဆိုရင် မနွေးက ပြည့်တန်ဆာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေ
ကို ထိန်းသိမ်းထားတဲ့ ကိုသိန်းကျော် ဆိုတဲ့သူထံကို တဆင့်ပို့ပေးတယ်။ ကျနော်တို့က ရဲတပ်ဖွဲ့ဝင်တွေ

 ဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ မနွေး နဲ့ ကိုသိန်းကျော် တို့ကို ဖမ်းဆီးခဲ့တယ်"

ထိုင်းနိုင်ငံကို ဘယ်လိုရောက်ရှိလာပြီး အခုလို အလုပ်လုပ်ကိုင်နေရတယ်ဆိုတာတွေ မေးမြန်းဖို့ အဲဒီမြန်မာ

အမျိုးသမီးတွေကို ဘန်ကောက်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဌာနကို ခေါ်ဆောင်သွားပြီးပြီးရင် မြန်မာ
နိုင်ငံကို ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

လူကုန်ကူးမှုလုပ်ကိုင်နေတဲ့ မနွေးနဲ့ ကိုသိန်းကျော်တို့နှစ်ဦးကိုတော့ လူကုန်ကူးမှု၊ ထိုင်းနိုင်ငံထဲ တရား

မဝင်ခေါ်ဆောင်လာမှုစတဲ့ အမှု ၅ ခုနဲ့ တရားစွဲဆိုပြီး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းလူ
ကုန်ကူးမှု တားဆီးကာကွယ်ရေးဌာနက အရာရှိက ပြောသွားပါတယ်။

RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here