Wednesday, December 12, 2012

သျှမ်းပြည်တိုင်းရင်းသားပေါင်းစုံညီလာခံသင်္ကြန် မတိုင်မှီခေါ်ယူကျင်းပမည်

0 comments
ဒီဇင်ဘာ(၁၂)

ထာဝရ ငြိမ်းချမ်းရေးအတွက် သျှမ်းပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများလုံးပါဝင် မည့် ညီလာခံတရပ်အား လာမည့်သင်္ကြန်ကာလမတိုင်မှီ ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါသည်။

sai-leun-ktoဦးစိုင်းလင်းနှင့် ခွန်ထွန်းဦး (ဓါတ်ပုံ-SNLD)

“နဂိုရည်မှန်းချက်အတိုင်း ဒုတိယအစီအစဉ်အနေနဲ့သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ဖိတ်ခေါ်ပြီးယုံကြည်မှုတည်ဆောက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျနော်တို့ မိုင်းလားကိုသွားတယ်။ နောက်တခါ သျှမ်းပြည်တိုင်းရင်းသားအားလုံးပါဝင်မယ့်ညီလာခံတရပ်လုပ်ခဲ့ရင် ပါဝင်ဖို့ မိုင်းလားအဖွဲ့က လှိုက်လှိုက် လဲလဲရှိတယ်” ဟု စိုင်းလိတ်ကပြောသည်။

၂၀၁၃ ခုနှစ် သင်္ကြန်ကာလာမတိုင်မှီ သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံး ပါဝင်သည့်ညီလာခံတရပ်ကျင်းပရန် မိုင်းလားတပ်ဖွဲ့အား ပထမဦးဆုံးသွားရောက်ဆွေးနွေးကြောင်း၊ နောက်ပိုင်း ၀တပ်ဖွဲ့၊ ပအိုဝ်း၊ ပလောင်၊ လားဟူ စသည့်တပ်ဖွဲ့များနှင့်လည်းတွေ့ဆုံဆွေးနွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်မှုအနေဖြင့် အောက်ခြေအရာရှိများနှင့်ဦးစွာတွေ့ဆုံမည်ဖြစ်ကြောင်း၊ ညီလာခံကြီးတွင် ခေါင်းဆောင် သို့မဟုတ် ဒုခေါင်းဆောင် Summit အဆင့်လုပ်သွားမည်ဖြစ်ကြောင်းပြောပါသည်။

“ ကျနော်တို့ ဒုတိယညီလာခံကိုတော့ သင်္ကြန်မတိုင်ခင်လေးမှာလုပ်ချင်တယ်။ လုပ်နိုင်အောင် ကြိုးစားနေပါ တယ်။ အခု မိုင်းလားဆီကိုဘဲလာရ သေးတယ်။ ကျန်တာအများကြီးရှိသေးတယ်။ သျှမ်း ပြည် အခြေစိုက်အဖွဲ့ အစည်းတွေလဲအများကြီးရှိ သေးတယ်။ ဒီအတွက်အချိန် ၄- ၅ လ ယူရဦးမယ်။ နှစ်သစ်ကူးပွဲပြီးရင်တော့ ဝ တပ်ဖွဲ့ခေါင်းဆောင်တွေကို ထပ်တွေ့ဖို့ရှိတယ်” - ဟု ပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။

ထို့အတူ ပြည်ထောင်စုအစိုးရနှင့်တိုင်းရင်းသားကြား၊  တပ်မတော်နှင့် ပြည်သူကြား ယုံကြည်မှုတည်ဆောက် ရာတွင် တပ်မတော်  နှင့် ပြည်သူနှစ်ဘက်စလုံးကပါ ထဲထဲဝင်ဝင်လေ့လာဖို့လိုကြောင်း၊ ထို့ကြောင့်လာမည့် ညီလာခံတွင် စစ် တိုင်း ၄ ခုက စစ်တိုင်းမှူးများ၊ လူထုကိုယ်စားလှယ်များလည်း  တက်ရောက်စေလိုကြောင်း စိုင်းလိတ် ကပြောပါသည်။

ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့အထိ ခွန်ထွန်းဦး၏ မိုင်းလားခရီးစဉ်တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နာယ က ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် စိုင်းကျော်လှ၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးကြီးစိုင်းစိုးတို့လည်း ပါဝင်သည်ဟုဆိုသည်။ ဝ ခေါင်း ဆောင် နှင့် ခွန်ထွန်းဦးတို့ မကြာမှီတွေ့ဆုံနိုင်ရန်အတွက် ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း သို့ နိဒါန်းအဖြစ် သွားရောက်ဆွေးနွေးနေသည်ဟုလည်း ကြားသိရပါသည်။


သျှမ်းသံတော်ဆင့် 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here