Friday, December 28, 2012

ဟိုပုံးမြို့နယ်မှာ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် မြေကွက်များ ရောင်းချပေးရန် စေတနာရှင်တစ်စုမှ ဆောင်ရွက်နေ

0 comments

ဒီဇင်ဘာ(၂၈)

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးခရိုင် ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ကျောင်းလွယ်ကျေးရွာ၊ ပါပန့်ဂူသွားလမ်းတွင် မြေကွက်များ ပြုလုပ်ပြီး အခြေခံလူတန်းစားများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် အမည် မဖော်လိုသော စေတနာရှင်တစ်စုမှ စီစဉ်ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရပါတယ်။

ယနေ့ခောတ်ကာလအရ မြေကွက်များ ရှားပါးနေလျှက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအတွက် နေထိုင်ရေးကို အဓိကထား လုံးပန်းနေရပြီး ကျေးရွာတစ်ရွာအတွင်းတွင်ပင် နေထိုင်နိုင်ရန် ခက်ခဲ နေလျှက်ရှိသည့် အပြင် ဒေသခံတိုင်းရင်းသားများ၏ ဒေသစွဲ၊ မြေအစွဲများ ရှိခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်တာဝန်ထမ်းဆောင်ကြသော နိုင်ငံ့ဝန်ထမ်း အများစုသည် မိမိတို့ တတ်နိုင်သည့် ငွေကြေးဖြင့် ကျေးလက်မြေ များအား ၀ယ်ယူလိုသော်လည်း အခက်အခဲများ ရှိနေကြောင်း၊ မြို့ပြမြေများအား ၀ယ်ယူမည်ဆိုပါကလည်း ရရှိသည့် ၀င်ငွေဖြင့် ၀ယ်ယူနိုင်ရန်မှာ မိုးပေါ်က ကြယ်ကို ရယူနိုင်ရေးအတွက် စောင့်မျှော်နေသကဲ့သို့ပင် ဖြစ်ကြောင်း၊ ၄င်းအခက်အခဲများအား မိမိတို့ တတ်နိုင်သလောက်ဖြေရှင်းပေးနိုင်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ပြီး ရရှိသည့်
မြေကွက်ရောင်းရငွေများအားလည်း အဆိုပါဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဘာသာရေးလုပ်ငန်းများတွင် တတ်နိုင်သရွေ့ လှူဒါန်းသွားမယ်လို့ အထက်ပါ အမည်မဖော်လိုသူမှ ပြောကြားသွားပါတယ်။

အဆိုပါ မြေကွက်များအား ၀ယ်ယူလိုပါက ကျောင်းလွယ်ကျေးရွာ ရွာသူကြီးထံသို့ ဆက်သွယ်နိုင်ကြောင်းနှင့် ကြားခံပွဲစားများ မရှိဘဲ တိုက်ရိုက်ရောင်းချသည့်စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ စစ်မှုထမ်း ဟောင်းများအား ဦးစားပေး လျှော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်တယ်ဟု သိရှိရပါတယ်။

တောင်ကြီးတိုင်းမ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here