Wednesday, December 12, 2012

တောင်ကြီးမြို့တွင် အခြေခံကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဖွင့်လှစ်

0 comments
ဒီဇင်ဘာ(၁၂)

 ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ
အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားဓာတ်ပုံများ



၂၀၁၂-၂၀၁၃ ပညာသင်နှစ အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဝင် ရှမ်းပြည်နယ် ကိုယ်စားပြု အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၀) ရက် မနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ပြည်နယ်မိုးလုံလေလုံ အားကစား ကွင်း (ကျောက်တိုင်ကွင်း)မှာကျင်းပခဲ့ ပါတယ်။

ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစ၀်အောင်မြတ်နဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်  နယ် အဆင့်   ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၅၀၀)ဦးခန့် တတ်ရောက်ခဲ့ တယ်လို့သိရပါတယ်။

ဖွင့်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး အောင်နိုင်ရေးအလံကို ပြည်နယ်ပညာရေး ဒုညွှန်ကြားရေးမှူး ဦးစိန်ဌေးထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ရှမ်းပြည်နယ် မြန်မာ့သိုင်းအဖွဲ့မှ ကရာတေးဒို၊ တိုက်ကွမ်ဒို စတဲ့ ကစားနည်းတွေနဲ့ သရုပ်ပြဖျော်ဖြေခဲ့ပြီး အထက(၄)ကျောင်းသား/ကျောင်းသူများမှ ဘင်ခရာနဲ့ တီးမှုတ်ဖျော်ဖြေခဲ့ပါတယ်။
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here