Thursday, December 27, 2012
အမေရိကန်မှာ နှင်းမုန်တိုင်းကျ
Categories :
ဒီဇင်ဘာလ ၂၇
အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ လေဆင်နှာမောင်းအကြိမ်သုံးဆယ်ကျော်လောက်
နဲ့ နှင်းမုန်တိုင်းတွေ တိုက်ခတ် ခဲ့တာကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။
အခုလို ခရစ်စမတ် ရာသီ ကာလမှာ ထောင်သောင်းချီတဲ့ လူတွေဟာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ရင်ဆိုင်
နေရပြီး ရာနဲ့ချီတဲ့ လေကြောင်းလိုင်းတွေလည်းပျံသန်းမှုရပ်ဆိုင်းခဲ့ပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုနဲ့သစ်ပင်တွေ ပြိုလဲကျမှုတွေကြောင်းလူခြောက်ယောက်သေဆုံးသွားတယ်ဆိုတဲ့သတင်း
တွေလည်း ရရှိပါတယ်။
မုန်တိုင်းဟာ အရှေ့မြောက်ဖက်ကို ရွေ့လျားနေပြီး နယူးယောက် ပြည်နယ်နဲ့မြောက်ပိုင်းက နယူးအင်္ဂ္လန်တို့မှာ
နှင်းထု ၄၆ စင်တီမီတာလောက် ကျမယ်လို့ မိုးဇလ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
BBC
Subscribe to:
Post Comments (Atom)