Monday, December 31, 2012

သီရိလင်္ကာ နိုင်ငံ၌ ပုဂ္ဂလိက ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

0 comments


ဒီဇင်ဘာလ  ၃၁
 
သီရိလင်္ကာ နိုင်ငံ၌ ပုဂ္ဂလိက ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့
သီရိလင်္ကာ နိုင်ငံ အတွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော Supreme Sat ကုမ္ပဏီသည် Supreme Sat-1 အမည်ရှိ ဂြိုဟ်တု တစ်စင်းကို နိုဝင်ဘာ ၂၇ ရက်က အာကာသ အတွင်းသို့ လွှတ်တင်ခဲ့ပြီး ဒုတိယမြောက် ဂြိုဟ်တု တစ်စင်းကိုလည်း ၂ဝ၁၃ ခုနှစ် ဧပြီလ တွင် လွှတ်တင်ရန် ခန့်မှန်းထားကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ်တွင် Supreme Sat ဆက်သွယ်ရေး ဂြိုဟ်တုနှင့်အခြားဂြိုဟ်တု နှစ်စင်းကို ဒီဇိုင်းဆွဲ ထုတ်လုပ်ပြီး လွှတ်တင် နိုင်ရန်အတွက် Supreme Sat ကုမ္ပဏီသည် တရုတ်နိုင်ငံမှ ဂရိတ်ဝေါ စက်မှုလုပ်ငန်း ကော် ပို ရေးရှင်းနှင့် ပူးပေါင်း လုပ်ဆောင်ရန် သဘောတူ စာချုပ် ချုပ်ဆိုထားကြောင်း  ဗီသာရာနာက ပြောကြား ခဲ့သည်။

အဆိုပါ စီမံကိန်းကို Supreme Sat ကုမ္ပဏီက ငွေကြေး အကုန်အကျ ခံ၍ လုပ်ဆောင်သွားမည် ဖြစ်ပြီး စုစု ပေါင်း ခန့်မှန်း ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ခန့် ကုန်ကျမည် ဖြစ်ကြောင်း၊ ၎င်း စီမံကိန်းတွင် သီရိလင်္ကာ အစိုးရ အဖွဲ့က ပါဝင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားထား သည်။ လေယာဉ် တည်ဆောက်ခြင်းနှင့် အာကာသ စီမံ ခန့်ခွဲရေး စခန်း တစ်ခုကို သီရိလင်္ကာ နိုင်ငံ အလယ်ပိုင်း ကန်ဒီ မြို့ ပယ်လ်လီကယ်လ်လီ ဒေသတွင် တရုတ် အစိုးရ အဖွဲ့က ဖွဲ့စည်း ထူထောင် မည် ဖြစ်ကြောင်း၊ ဂြိုဟ်တု များကို လေ့လာ စောင့်ကြည့်ရန်နှင့် ထိန်းချုပ်မှုများ ပြုလုပ်သွားရန် သဘော တူညီခဲ့သောကြောင့် ယင်းကဲ့သို့ ထူထောင် ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ဂြိုဟ်တုများမှ ပေးပို့သော သတင်း အချက် အလက်များကို ၎င်းစခန်းမှ ဖမ်းယူ၍ နိုင်ငံ တစ်ဝန်းတွင် ထုတ်လွှင့် မည်ဖြစ်ပြီး ယင်းစခန်းကို Pallekelle Space  Center ဟု အမည် ပေးထားကြောင်း သိရသည်။ သီရိလင်္ကာ နိုင်ငံသည် တရုတ် အစိုးရ အဖွဲ့၏ အကူအညီနှင့် လာမည့် ခုနစ်နှစ် အတွင်းတွင် ၎င်းတို့၏ အာကာသ ယာဉ်မှူး တစ်ဦးကို အာကာသ အတွင်းသို့ စေလွှတ်မည် ဖြစ်ကြောင်း သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး တစ်ဆာဗီသာ ရာနာက ထုတ်ဖော် ပြောကြားခဲ့သည်။
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here