Friday, December 7, 2012

"Eleven Media Group "website" တိုက်ခိုက်ခံရ"

0 comments
ဒီဇင်ဘာ(၇)

Eleven Media Group ၏ http://www.news-eleven.com/ အား KCA(Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့မှတိုက်ခိုက်ခဲ့ကြောင်း Eleven Media GroupFacebook စာမျက်နှာတွင်ဖော်ပြထားပါသည်။

ထို့ကြောင့် လက်တလောတွင် Eleven Media Group ၏ www.news-eleven.com အ.ား ၀င်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း ယခုတိုက်ခိုက်သည့် အဖွဲ့သည် ကချင်အဖွဲ့ အမည်ကိုအသုံးပြုထားပြီးတရုတ်နိုင်ငံဘက်မှ IP များဖြင့် အသုံးပြုတိုက်ခိုက်ထားကြောင်း ရေးသားထားပါသည်။

မိမိတို့ website အား အမြန်ဆုံးပြန်လည်ကြည့်ရှုနိုင်ရန် ပြုပြင်လျက်ရှိပြီး ကချင်အဖွဲ့ အမှန်တကယ်ဟုတ်မဟုတ်နှင့် မည်သူတို့ကလုပ်ဆောင်သည်ကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်းအသိပေးအပ်ပါသည်။

Eleven Media Group ၏ www.news-eleven.com အား ပြန်လည်ပြင်ဆင်နေစဉ်ကာလအတွင်း Eleven Media Group Facebook နှင့်Eleven Myanmar (http://www.elevenmyanmar.com/)တို့မှ တဆင့်သတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်းEleven Media GroupFacebook စာမျက်နှာတွင်ဖော်ပြထားပါသည်။


 ရွှေမြန်မာမီဒီယာဂရု

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here