စမ်းချောင်းမြို့နယ်လင်းလွန်းမြောက်ရပ်ကွက်အတွင်းလမ်းခင်းရန် ရေနုတ်မြောင်းတူးဖော်စဉ်အသုံးမပြုရသေးသော
ကျည်ဆန်အဟောင်း ၁၄ တောင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
လင်းလွန်းမြောက်ရပ်ကွက်၊ သရ၀ဏ်ရိပ်သာ ၂ လမ်း၊ အိမ်နံပါတ် ၁၁ ၏ ဘေး ရေနုတ်မြောင်းကို စည်ပင်ဝန်ထမ်း ၇ ဦးက တူးဖော်ရှင်းလင်းရာ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
''မြန်မာဖြစ် ကျည်ဆန်တွေ၊ နောက်မှာ မြန်မာစာတန်းတွေနဲ့၊ ကျည်ဆန်ရဲ့ဖင်မှာ ၇၄ လား၊၇၉လားမသိဘူးပါတယ်'' ဟု လင်းလွန်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ပြောသည်။
အဆိုပါ ကျည်ဆန် ၁၄ တောင့်မှာ၉မမအမျိုးအစားဖြစ်ပြီးဆက်လက်၍လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွား
မည်ဟုစမ်းချောင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်ဇော်ဇော်က ပြောသည်။
ယင်းရပ်ကွက်အတွင်း ကျည်ဆန်တွေ့ရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြား၍ အပ်နှံလိုက်ကြောင်း ဦးအောင်လွင်က ပြောသည်။