ဇွန်လ ၁၈ ရက်
မူးယစ်ဆေးဝါးဆိုင်ရာ ပညာပေးဆွေးနွေးပွဲတစ်ရပ် တောင်ကြီးတွင် ဖြစ်ပေါ်လာရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၁၄ ရက် မွန်းလွဲ ၂းဝဝ နာရီက ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်ရုံး တွင် ကျင်းပသည်။
ဦးဆောင်ဆွေးနွေးသူ ဒေါ်ဆန်းဝေက ဒေသတွင်းဖြစ်ပေါ်နေသော မူးယစ်ဆေးဝါး ဆိုင်ရာ ပြဿနာများကို အရပ်ဘက်လူ့အဖွဲ့အစည်းများအနေဖြင့် ဖော်ထုတ်ရန်၊ ဆွေး နွေးလိုသည့် အစိုးရအဖွဲ့အစည်းများဘက်မှ ကျန်းမာရေး၊ ပညာရေး၊ မူးယစ်အဖွဲ့၊ ဥပဒေပညာရှင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများအား ဖိတ်ကြားပြီး
ဆွေးနွေးပွဲကို ဇူလိုင် ဒုတိယပတ်အတွင်း တောင်ကြီးမြို့တွင် ကျင်းပရန် ရည်ရွယ်ထားကြောင်း ပြောဆိုသွားသည်။
''မူးယစ်ဆေးနဲ့ပတ်သက်ပြီးတော့ ကျွန်ုပ် တို့ နေ့စဉ်ကြားနေရပါတယ်။ အထူးသဖြင့် ကျွန်မက ကျောင်းစာသင်ပေးနေတော့ မိဘတွေနဲ့ အများကြီးဆက်ဆံဖူးတော့ သူတို့ဆီကနေပြီး ရင်ဖွင့်သံတွေ အမြဲကြားရတယ်။ မူးယစ်နဲ့ ပတ်သက်ပြီးတော့ ဒေသတွင်းမှ ရှိတဲ့သူတွေအားလုံး ပါဝင်ဆွေးနွေး သင့်တယ်လို့ ထင်တယ်'' ဟု ဆွေးနွေးပွဲ တက်ရောက်သူ နွေအရိပ်လူမှုကွန်ရက်မှ မသီတာထွေးက မဇ္ဈိမ ကိုပြောဆိုသည်။
''ကျွန်တော်အနေနဲ့တော့ မူးယစ်နဲ့ ပတ်သက်ပြီးတော့ အနုပညာတွေဖြစ်တဲ့ ပန်းချီတို့ ကာတွန်းတို့ ဂီတတို့နဲ့တွဲပြီး အသိပညာပေးစေလိုတယ်။ ပြီးတော့ ရှမ်းပြည်နယ်မှာရှိနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအနေ နဲ့လည်း မူးယစ်ဆေးဝါးပြဿနာကို ဝိုင်းဝန်းပြီး အဖြေရှာဖို့ တိုင်ပင်အကြံပြုခဲ့တယ်'' ဟု ကောင်ရွေပအိုဝ့်လူငယ်အဖွဲ့မှ ခွန်ခေတ်စံက မဇ္ဈိမကို ပြောဆိုသည်။
ယင်းဆွေးနွေးပွဲသို့ တောင်ကြီးမြို့ရှိ အ ရပ်ဘက်လူ့အဖွဲ့အစည်းများ၊ MANA မူးယစ်ဆေး တိုက်ဖျက်ရေး အဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်းသားများ၊ ဓနုစာပေယဉ်ကျေးမှုအသင်း၊ ကောင်ရွေပအိုဝ့်လူငယ်အဖွဲ့၊ ပအိုဝ့်စာပေနှင့်ယဉ်ကျေးမှုအသင်း ၊ ရှမ်းတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့ တို့ လူဦးရေ ၃၁ ဦး တက်ရောက် တိုင်ပင်ကြသည်။
Mizzima