Tuesday, June 18, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေးအတွက် အမျိုးသား ညီလာခံခေါ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သဘောတူ

0 comments



ဇွန်လ ၁၈ ရက်

အတည်ပြုပြီး ဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံချက် မပေးနိုင်ဟု ယူဆသောကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲနိုင်ရေးအ တွက် အမျိုးသား ညီလာခံတစ်ရပ် ကျင်းပရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် အ ဖွဲ့အစည်း ၃၉ ခုက ဇွန်လ ၁၇ ရက်နေ့တွင် သဘောတူကြောင်း ထုတ်ပြန်လိုက်သည်။

မြဝတီ DKBA ဌာနချုပ်တွင် ဇွန်လ ၁၅ ရက်မှ စတင်၍ သုံးရက်ကြာ ပြုလုပ်သော ပြည်ထောင်စု တိုင်းရင်း သားပေါင်းစုံ သဘောထားအမြင် ဖလှယ်ပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ လူမှုအဖွဲ့ အ စည်းနှင့် ဘာသာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၈၄ ဦးက ယင်းသို့ သဘောတူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃၉ ဖွဲ့တွင် RCSS/SSA အဖွဲ့မှအပ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးလည်း ပါဝင်သည်။

အခြေခံဥပဒေသစ် ရေးဆွဲရေးအတွက် တိုင်းရင်းသား လူမျိုးများနှင့်အတူ အားလုံးပါဝင်သော အမျိုးသား ညီ လာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားကာ ကျင်းပနိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှမ်းတပ်ပေါင်းစုဌာန ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောကြားသည်။

ပြည်နယ်တစ်ခုအတွင်း တိုင်းရင်းသားပါတီ တစ်ခုတည်းအဖြစ် ပူးပေါင်းရန် လုပ်ဆောင်နေသော ရခိုင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်စသော ပြည်နယ် အသီးသီးရှိ တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရက်တစ် အင်အားစုများကို ၂၀၁၄ အမျိုးသား ညီလာခံတွင် ပါဝင်လာရန် ညှိနှိုင်းပြီး နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာ ခံ ကဲ့သို့သော အမျိုးသား ညီလာခံတစ်ခုကို ခေါ်ယူကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲရန် စီစဉ် ထားကြောင်း ၎င်းကရှင်းပြသည်။

ကချင်ပြည်နယ် အင်ဂျန်ယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကမူ ဥပဒေရေးဆွဲ လျှင် လွှတ်တော်တွင် ဆွေးနွေး ရမည် ဖြစ်ပြီး ပြည်သူအတွက် ကောင်းသည့် အချက်များကိုယူပြီး ဆိုးသော အချက်များကို ဆွေးနွေး ပယ်ဖျက်ရမည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ရေးဆွဲခဲ့သော ဥပဒေကို မဖြစ်မနေ လွှတ်တော်က ပေးရန်မှာ မဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသည်။

ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် ဖလှယ်ပွဲတွင် အမျိုးသား ညီလာခံ ခေါ်ယူရေး အပြင် အကျဉ်းသားများကို အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့် ပြုရန်၊ တစ်နိုင်ငံလုံးတွင် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန်၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကို လိုက်နာရန်နှင့် အလုပ်သမား၊ လယ်သမား ပြဿနာများကိုမြန်ဆန်ထိရောက်စွာ ဖြေရှင်းပေးရန်ဆိုသော အချက်များကိုလည်း သဘော တူညီခဲ့သည်။

ယင်းသဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရနဆွေးနွေးပွဲတက် ရောက်လာသည့် ကိုယ်စားလှယ် ၈၄ ဦးမှ အလုပ်အဖွဲ့ဝင် ၁၇ ဦးကို ရွေးချယ်ခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here