Tuesday, January 1, 2013

နှစ်သစ်မှာ ကင်ကျုံအန် က ငြိမ်းချမ်းရေးစကား ပြောနေပြီ

0 comments
ဇန်န၀ါရီ(၁)

မြောက်ကိုရီးယားခေါင်းဆောင်ကင်ကျုံအန်(KimJongun)ကအများမမျှော်လင့်ထားဘဲ တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှု ရန်လိုမုန်းတီးမှုတို့ကို အဆုံးသတ်ဖို့ တိုက်တွန်းတဲ့ မိန့်ခွင်းတရပ်ကို နှစ်သစ်ကူးနေ့မှာထုတ်လွှင့်ပြောကြား ခဲ့ပါ တယ်။

"ကိုရီးယားနှစ်နိုင်ငံ ကွဲထွက်နေတာကို အဆုံးသတ်ဖို့ နဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့မှာ အရေးကြီး တာက မြောက်နဲ့တောင်ကိုရီးယား အကြား ထိပ်တိုက်ရင်ဆိုင်မှုကို ဖယ်ရှားလိုက်နိုင်ဖို့ပဲ ဖြစ်ပါတယ်" လို့ ကင်ကျုံအန် က ပြောကြားခဲ့ပါတယ်။

ရုပ်သံထုတ်လွှင့်ချက်က တည်နေရာအတိအကျ မသိနိုင်တဲ့နေရာတခုမှာ ကြိုတင်သွင်းယူထားတယ်လို့ ယူဆကြောင်း သတင်းမှာဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့လက တောင်ကိုရီးယားမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတဲ့Park Geun-hye ကလည်း ပြုံယမ်းအစိုးရက သူတို့ရဲ့အနုမြူလက်နက် ရည်မှန်းချက်ကို စွန့်လွတ်ပါ က မြောက်ကိုရီးယားနဲ့ တွေ့ဆုံဖို့ဆွေးနွေးဖို့ ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါတယ်။


Myanmar Online News 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here