ခလုတ်ဓါးတစ်ချောင်း၏ BRAND တံဆိပ်ကို မြတ်ဗုဒ္ဓ၏ အမည်နာမှဖြင့်
မဖွယ်မရာရေးထိုးပြီး မြန်မာနိုင်ငံရှိ စတိုးဆိုင်များ
လမ်းဘေးဈေးဆိုင်များတွင် ရောင်းချနေသည်ကို တွေ့ရှိနေရ၍ တွေ့မြင်သူ
ဗုဒ္ဓဘာသာဝင်များ စိတ်မချမ်းမြေ့
ဖြစ်နေရကြောင်းသိရှိရသည်။အဆိုပါအလွယ်တကူဝယ်ယူရရှိနိုင်သောဓါးလက်နက်ကို
ထိုင်းနိုင်ငံလုပ်လိုလို တရုတ်နိုင်ငံလုပ်လိုလို
ပြောဆိုရောင်းချနေရသည်။ဆင်ခြင်တိုင်းထွာ နိုင်သူအချို့ ကမူ
တရုတ်ကဗုဒ္ဓဘာသာဆိုတော့ ဒီလိုသာသနာ ညှိုးနွမ်းစေမည့်အလုပ်ကို လုပ်မလုပ်နှင့်
ထိုင်းနိုင်ငံသည်လည်း..ဗုဒ္ဓယာဉ်ကျေးမှု
ထွန်းကားရိုသေသောနိုင်ငံတစ်ခုဖြစ်နေသောကြောင့် မဖြစ်နိုင်ဟု
သုံးသပ်သူများလည်းရှိနေသည်။BRAND ဟူသောအင်္ဂလိပ်ဘာသာဖြင့်
ဓားအသွားအနက်ရောင်ပေါ်တွင် အလွယ်တကူမဖျက်နိုင်ရန် ထင်ထင်ရှားရှား
ရေးထိုးထားသည်ကိုတွေ့မြင်ရပြီး လက်ကိုင်ရိုးပေါ်တွင် ပုတီးနှင့်
ဘုန်းကြီးပုံကိုပါ ရိုက်နှိပ်ပါရှိသည်။ဓားအသွား၅ လက်မခန့်နှင့်
လက်ကိုင်ရိုးမှာလည်း ၅
လက်မခန့်ရှိသည်။ဓားအသွားအနက်ရောင်နှင့်လက်ကိုင်ရိုးမှာ
အနီရောင်ဖြစ်သည်။ရောင်းဈေးမှာ ဓားတစ်ချောင်းလျှင် ၃၀၀၀ ကျပ်ခန့်ရှိကြောင်း
ဝယ်ယူခဲ့သူတစ်ဦးကပြောသည်။
hot news