Monday, January 14, 2013

မြန်မာ အမျိုးသမီး မြားပစ် အသင်း ရွှေတံဆိပ် နှစ်ခု ကြေးတံဆိပ် တစ်ခု ထပ်မံရရှိ

0 comments
 မြန်မာ အမျိုးသမီး မြားပစ် အသင်း ရွှေတံဆိပ် နှစ်ခု ကြေးတံဆိပ် တစ်ခု ထပ်မံရရှိ
 
ပဉ္စမ အကြိမ်မြောက် အရှေ့တောင် အာရှ တံခွန် စိုက်မြားပစ် ပြိုင်ပွဲနှင့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အကြို ဆန်းစစ် မြားပစ် ပြိုင်ပွဲ ဒုတိယ နေ့ပွဲစဉ် များကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် ဇမ္ဗူ သီရိမြို့နယ် ဝဏ္ဏ သိဒ္ဓိမြားပစ် ပြိုင်ကွင်း၌ ဆက်လက် ကျင်းပရာ နံနက်ပိုင်း ပွဲစဉ်များ အဖြစ် အမျိုးသမီး Recurve တစ်ဦးချင်း ရှုံး/ထွက်၊ အမျိုးသား Recurve တစ်ဦးချင်း ရှုံး/ထွက် ပွဲစဉ်များ နှင့် အမျိုးသမီး Compound တစ်ဦးချင်း ရှုံး/ထွက် နှင့် အမျိုးသား Compound  တစ်ဦးချင်း ရှုံး/ထွက် ပွဲစဉ်များ   ကွာတား ဖိုင်နယ် အဆင့် အထိ ယှဉ်ပြိုင် ကြသည်။

ယင်းနောက် ပထမနေ့ ပွဲစဉ်များ အတွက် ဆုချီးမြှင့်ပွဲ ကိုကျင်းပရာ ကမ္ဘာ့ မြားပစ် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် အရှေ့ တောင်အာရှ မြားပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr.  Sanguan  Kosavinta နှင့် တာဝန် ရှိသူများက အမျိုးသား၊ အမျိုးသမီး Recurve တစ်ဦးချင်း အမှတ်ပေးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး Compound တစ်ဦးချင်း အမှတ်ပေး ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး Recurve အသင်းလိုက် အမှတ်ပေး ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး  Compound အသင်းလိုက် အမှတ်ပေး ပြိုင်ပွဲများတွင် ဆုရသူများ အား တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ် ချီးမြှင့် ကြသည်။

ဆက်လက်၍ ဆီမီးဖိုင် နယ်နှင့် ဗိုလ်လုပွဲ စဉ်များ ကိုကျင်းပရာ အမျိုးသမီး Compound ပြိုင်ပွဲ တစ်ဦးချင်း ရှုံး/ထွက် ဗိုလ်လု ပွဲစဉ်တွင် အောင်ငှိမ်း (မြန်မာ)က ဗိုလ်စွဲပြီး ယောစိမ်းယ (မြန်မာ)က တတိယရသည်။
အမျိုးသား Compound ပြိုင်ပွဲ တစ်ဦးချင်း ရှုံး/ထွက် ဗိုလ်လု ပွဲစဉ်တွင် ဗီယက်နမ် နိုင်ငံမှ  ပထမ၊ ဒုတိယနှင့် တတိယ ဆုများရရှိ ကြပြီး အမျိုးသမီး Recurve ပြိုင်ပွဲ တစ်ဦးချင်း ရှုံး/ထွက် ဗိုလ်လု ပွဲစဉ်တွင် သင်းသင်းခိုင်(မြန်မာ) က ပထမ၊ Ms. Sunantra Su Chat (မလေးရှား)က ဒုတိယနှင့် Ms. Loc Thi Dao (ဗီယက်နမ်)က တတိယရရှိ ကြသည်။

ဗိုလ်လု ပွဲစဉ်များ အပြီးတွင် ဆုချီးမြှင့် ပွဲကိုကျင်းပရာ အရှေ့တောင် အာရှ မြားပစ် အဖွဲ့ချုပ်  အတွင်း ရေးမှူးက အမျိုးသား Recurve တစ်ဦးချင်း ရှုံး/ထွက်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယ ရသူများနှင့် ကမ္ဘာ့ မြားပစ် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ အရှေ့တောင် အာရှ မြားပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌက အမျိုးသား Compound တစ်ဦးချင်း ရှုံး/ထွက် ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယရသူ များအား တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ် ချီးမြှင့် ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အားကစား ကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက အမျိုးသမီး Compound တစ်ဦးချင်း ရှုံး/ထွက်ပွဲစဉ် ပထမဆုရ  အောင်ငှိမ်း (မြန်မာ)၊ ဒုတိယဆုရ Ms.  Sri  Ranti (အင်ဒိုနီးရှား)၊ တတိယဆုရ ယောစိမ်းယ (မြန်မာ)၊ အမျိုးသမီး Recurve တစ်ဦးချင်း ရှုံး/ထွက်  ပွဲစဉ် ပထမဆုရ သင်းသင်းခိုင် (မြန်မာ)၊ ဒုတိယဆုရ Ms. Sunantra Su Chat (မလေးရှား) နှင့် တတိယဆုရ Ms. Loc Thi Dao (ဗီယက်နမ်) တို့အား တစ်ဦးချင်းဆု တံဆိပ်များ ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် Kangwondo Archery  Association ဥက္ကဋ္ဌ Proff. Park Young IL က မြန်မာနိုင်ငံ မြားပစ် အဖွဲ့ချုပ်သို့ အမေရိကန် ဒေါ်လာ ၈ဝဝဝ တန်ဖိုးရှိ  မြားပစ် အထောက် အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက လက်ခံ ခဲ့ကြောင်း သတင်းရရှိသည်။  
 မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here