Monday, January 14, 2013

မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ မကြာမီ ကျင်းပမည်

0 comments
 မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ မကြာမီ ကျင်းပမည်
 
အားကစား ဝန်ကြီး ဌာန မြန်မာ နိုင်ငံ  ရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်မှ ကြီးမှူးပြီး H & S Group မှ စီစဉ် ကျင်းပသည့် မြန်မာ နှင့်ထိုင်းရိုးရာ လက်ဝှေ့ (Imperial the Spirit of Myanmar) MYANMAR Vs THAILAND LETWHAY COMPETITION FIGHTS ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂ဝ ရက် မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာ တောင်ညွန့် မြို့နယ် သိမ်ဖြူ လမ်းရှိ သိမ်ဖြူ အားကစား ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ စိန်ခေါ်ပွဲတွင် မြန်မာ့ လက်ဝှေ့ အကျော်အမော် နှင့်ထိုင်း လက်ဝှေ့ အကျော် အမော် သုံးတွဲတို့ ယှဉ်ပြိုင် ထိုးသတ်ကြမည့် အပြင် ပြည်တွင်း စိန်ခေါ်ပွဲ ငါးပွဲပါ ပါဝင် ထိုးသတ် ကြမည် ဖြစ်သည်။ မြန်မာ-ထိုင်း ပွဲစဉ်များ တွင် တွေ့မရှောင် (မြန်မာ)နှင့် ဂျိုဝီဟ (ထိုင်း)၊ တူးတူး (မြန်မာ)နှင့် ပက်ပကိုင် (ထိုင်း)၊ ထွန်းထွန်းမင်း (မြန်မာ)နှင့် ပွန်ပက် (ထိုင်း) တို့ အတွဲ များက လက်ဝှေ့ ပညာစွမ်းများ ဖြင့် အနိုင်မခံ အရှုံး မပေးဘဲ ရေကုန် ရေခန်း ထိုးသတ် ကြမည် ဖြစ်ပြီး ပြည်တွင်း ပွဲစဉ်ငါးချီ ပြိုင်ပွဲတွင် မိုက်တိုင်စန် (အလင်းရောင်) နှင့် ရဲရင့် (နဂါးမာန်)၊ လေးချီ ပွဲစဉ် များတွင် မင်းမဟာ (ဘိလပ်မြေ စက်ရုံ) နှင့် ထက်အောင်ရဲ (ဝါဆို)၊  ခွန်ရှိုင်းထက် (ဝါဆို) နှင့် ထွန်းလုံရှိန် (ငြိမ်းချမ်းရေး)၊ ဖျံသွေး (ငြိမ်းချမ်းရေး) နှင့် ရဲရင့်ထွန်း (မုဒုံသား)၊ ဝမ်းဝမ်း (နဂါးမာန်) နှင့် တာဝိတ် (တော့ဝမ်း) တို့ကလည်း ကြိုးဝိုင်း အလယ်တွင် ထိုးကွက် သတ်ကွက် လက်ဝှေ့ ပညာရပ် ကိုပြကာ ပရိသတ် အကြိုက် ယှဉ်ပြိုင် ထိုးသတ် ကြ မည် ဖြစ်သည်။
ယခု ကျင်းပမည့် မြန်မာ- ထိုင်းရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲသည် အကျော်အမော် ချင်းတွေ့ ကြသည့် ပွဲတစ်ပွဲ ဟုဆိုနိုင် သလို ပဝါမကူ ရေမရှူဘဲ ရေကုန် ရေခန်း ထိုးသတ်မည့် ပွဲများလည်း ဖြစ်ပေ လိမ့်မည်။

အသက်အပိုင်း အခြား၊ ဝိတ်တန်း၊ အရပ်အမောင်း နှင့်ပြိုင်ပွဲ အတွေ့အကြုံ များမှာ သိသိသာသာ ကွာခြားမှု မရှိဘဲ မတိမ်းမယိမ်း သာဖြစ်သည်။ သို့အတွက် ဝမ်းစုံချိုင်း ကလပ်မှ လက်ဝှေ့ကျော် တို့က ကစားဖော် များရှုံးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်က ရှုံးကြွေးကို ပြန်ဆပ်သွား လေမလာ သို့တည်းမဟုတ် ပူပူ နွေးနွေး ဒဂုံ ရွှေအောင်လံ ဆုရှင်များက အောင်မြင်မှုအရှိန်ဖြင့် ရှေ့ကိုဆက် လက်မောင်း နှင်လေဦး မလားဆိုသည် ကို ဟာကနဲ ဟင်က နဲဖြင့်   မြန်မာ လက် ဝှေ့ ပရိသတ်တို့ မကြာမီ အားမလို အားမရ ရင်ခုန်စွာ မြင်တွေ့ ကြရမည် ဖြစ်သည်။

အလားတူ ပြည်တွင်း ပွဲများသည်လည်း ဇိုးကနဲ ဇက်ကနဲ ဘိုးကနဲ ဘက်ကနဲနဲ့ လက်ဝှေ့ ပညာရပ် များကို အံ့မခန်း စွာဖြင့် ပရိသတ် အကြိုက် ယှဉ်ပြိုင် ထိုးသတ်ကြမည့် ပွဲကောင်းများ ဖြစ်မည် ဟုလည်း ထင်မြင် ယုံကြည်ပါသည်။

အဆိုပါ မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့  စိန်ခေါ်ပွဲကို မည်သည့် ရုပ်သံလွှင့် ဌာန ကမှ Live/Delay  ထုတ်လွှင့် ပြသမည် မဟုတ်ကြောင်း သိရသည်။ ရုံဝင်လက် မှတ်ခ များကို ငွေကျပ် တစ်သောင်း ငါးထောင်၊ ငွေကျပ် တစ်သောင်း နှစ်ထောင် နှင့် ငွေကျပ် ရှစ်ထောင် ဟူ၍ သတ်မှတ် ထားပြီး ကြိုတင် လက်မှတ် ဝယ်ယူ လိုသူ များအနေဖြင့် 'ဇော်' ပစ်တိုင်းထောင် (ဗီဒီယို) အမှတ် (၁၈ဝ) မြေညီထပ်  ၃၅ လမ်း (အလယ်) ကျောက်တံတား မြို့နယ်  သို့ လည်းကောင်း၊ ဖုန်း ဝ၁-၂၄၉၁၁၇၊ ဝ၉-၄၉၂၄၅၅ဝ၅ နှင့် ဝ၉-၄၂၅ဝ၂၃၇၉၉ တို့သို့ လည်းကောင်း ဆက်သွယ် စုံစမ်း ဝယ်ယူကာ ကြည့်ရှု နိုင်ပါကြောင်း မြန်မာ့ လက်ဝှေ့ ပရိသတ် များအား သတင်း ကောင်းပါး အပ်ပါသည်။
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here