Tuesday, January 1, 2013

တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ (၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲအား အ.ထ.က(ဆန်ဆိုင်း)တွင် ပြုလုပ်

0 comments
ဇန်န၀ါရီ(၁)

ဒီနေ့ ၂၀၁၃ခုနှစ်သစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇန်န၀ါရီ ၁ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့ (၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲကို တာချီလိတ်မြို့ ဆန်ဆိုင်းအထက ကျောင်းဆောင်သစ် ခန်းမမှာ ပြုလုပ်ပါတယ်။

 

ဟောပြောပွဲကို ဆန်ဆိုင်းကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ဟောပြောကြတာဖြစ်ပါတယ်။ ဟောပြောပွဲမှာ အခမ်းအနားအမှူးအဖြစ် ဆရာဦးလှမျိုးက ဆောင်ရွက်ပေးပြီး ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်က လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းအမှာစကား ပြောကြားသွားပါတယ်။


အဲဒီနောက်မှာတော့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်(မောင်ဆွေငြိမ်း)က လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ရာမှာ လူငယ်များရဲ အခန်းကဏ္ဍဟာ အရေးကြီးတဲ့အကြောင်း၊ ဆက်လက်ပြီး စာရေးဆရာအသင်းမှ ဦးမြင့်ဝင်းလှ(မြတ်မျိုးမြင့်မာန်)က ကျောင်းသားကျောင်းသူအားလုံးသည် တိုင်းရင်းသားညီအစ်ကို မောင်နှမများဖြစ်ကြကြီး တိုင်းရင်းသား အားလုံးစုစည်းထားတဲ့ မြန်မာနိုင်ငံသားများဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံသားအားလုံးသည် မြန်မာလွတ်လပ်ရေးကို တန်ဖိုးထားဖို့ထားဖို့လိုကြောင်း၊ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)က လူငယ်များမိမိကိုယ်ကို ထိန်းသိမ်းခြင်းဖြင့် လွတ်လပ်ရေးကိုကာကွယ်ကြပါခေါင်းစဉ်ဖြင့် လူငယ်များ ဆောင်ရန်/ရှောင်ရန် အချက်များကို ရှင်းလင်းဟောပြောသွားပါတယ်။

အဲဒီနောက်မှာတော့ ကျောင်းသားများအား ဟောပြောချက်များမှ ကောက်နှုတ်ပြီး မေးခွန်းများမေးမြန်းပြီး ဆုများချီးမြှင့်ခဲ့ပါတယ်။ ဒီနေ့အခမ်းအနားမှာ ကျောင်းသား ၁၅၀ ခန့် တက်ရောက်ကြပြီး ဟောပြောပွဲ အစအဆုံး စိတ်ပါဝင်စားစွာ နားထောင်ကြတာကိုတွေ့ရပါတယ်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here