Monday, January 14, 2013

ရွှေ့ပြောင်းအလုပ်သမားများအတွက် အခမဲ့ ထိုင်း အင်္ဂလိပ် နှင့် ကွန်ပျုတာ သင်တန်းကျောင်း ဘန်ကောက်မှာ စတင်ဖွင့်လှစ်

0 comments
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာပြည်ကလာတဲ့ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ကွန်ပျုတာပညာရေးဆိုင်ရာ အခမဲ့သင်တန်းကျောင်းကို ဒီနေ့ (၁၃-၁-၂၀၁၃ ) ခုနှစ် ဘန်ကောက်မြို့ ဘန်ကပိ (ဟက်ပီးလဲန်) ရပ်ကွက်မှာ စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိပါတယ်။ 



“ကျနော်တို့ သင်တန်းကျောင်းလေးမှာ အထူးသဖြင့် ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ကွန်ပျုတာ ပညာတွေကို ဘန်ကောက်မြို့အေပက် (Assumption University)၊ မဟာချုလာလောင်ကွန် ရာဇ၀ိဒယလိုင်တက္ကသိုလ်တွေမှာ ကျောင်းတက်နေတဲ့ ပအိုဝ်းဦးဇင်းလေးတွေက အားလပ်တဲ့ အချိန်လေးမှာ စေတနာဖြင့် သင်ကြားပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု ခွန်စိုင်းဒီက ပြောပါတယ်။

အခုဆိုရင် ပညာရေးကို စိတ်ဝင်စားတဲ့ အလုပ်သမား (ကျောင်းသား) အသစ်တွေကို ဦးဇင်းတို့က စတင်လက်ခံ သင်ကြားပေးနေပါတယ်။ ဘာသာရပ်တစ်ခုခုမှာ စိတ်ဝင်းစားတဲ့ အလုပ်သမားများအနေနဲ့ ဘာသာစကား စွမ်းရည် ပိုမိုကောင်းမွန်ဖို့ ဦးဇင်းတို့က အားလပ်နေတဲ့ အချိန်လေးမှာ သင်ကြားပေးနေတာဖြစ်ပါတယ်” ဟု မဟာချုလာလောင်ကွန် ရာဇ၀ိဒယလိုင် တက္ကသိုလ်မှာ တက်ရောက်နေတဲ့ အရှင်နန္ဒသာရ မှ မိန့်ကြားပါတယ်။

ဒီကနေ့ စတင်ဖွင့်လှစ်ချိန်မှာ ရွှေ့ပြောင်းအလုပ်သမား ကျောင်းသားကျောင်းသူ (၅၀) ကျော်လာရောက် စာရင်းပေးသွင်းနိုင်ပြီး ယခုဆိုရင် ဘာသာရပ်တွေ စတင်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

ဒီစာသင်ကျောင်းလေးမှာ စိတ်ဝင်းစား ပါဝင်လေ့လာသင်ယူချင်တဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ အရှင်နန္ဒသာရ - 09 14961486 (Mahachularlongkorn Rajavidyalaya Univasity) မဟာချုလာလောင်ကွန် ရာဇ၀ိဒယလိုင်တက္ကသိုလ်အား ဆက်သွယ်နိုင်ပါတယ်။

ထိုင်းနိုင်ငံမှာ နာမည်ကြီး တက္ကသိုလ်ကျောင်းတွေမှာ လာရောက် ပညာသင်ကြားနေတဲ့ မြန်မာပြည်က ရဟန်းတော်များ စုစုပေါင်း (၂၀၀) ကျော်ရှိကြောင်း သိရပါတယ်။
တောင်ကြီးတိုင်းမ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here