Monday, January 14, 2013

အောင်ပန်းမြို့ အောင်ချမ်းသာစာသင်တိုက်၌ သာသနဟိတကာရီ သုံးထပ်ကျောင်းဆောင်ကြီး ရေစက်ချပွဲ ကျင်းပ

0 comments
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်၌ ၁၃၇၄ ခုနှစ်၊ နတ်တော်လ ကွယ် (လဆုတ် ၁၄ ရက်) (၁၁၊ ၁၊ ၂၀၁၃) သောကြာနေ့တွင် စာသင်တိုက်အတွင်းရှိ သာသနဟိတကာရီ သုံးထပ်ကျောင်းတော်ကြီး ရေစက်ချအလှူပွဲတစ်ရပ်ကို ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
 

သတင်းဓာတ်ပုံ ခွန်ခမ်းကူ

ကျောင်းအလှူရှင်မှာ အောင်ပန်းမြို့က (ရွှေပြည်ညွှန့်ပွဲရုံ) ပိုင်ရှင်များဖြစ်ကြတဲ့ ပွဲစားကြီး ဖြားစင်,ဖါညွှန့် + စင်,မွိုးလွဉ်း (ဒေါ်စန်းရီ) တို့နဲ့ သားသမီးမြေး မိသားစုတွေပဲ ဖြစ်ပါတယ်။ ကျောင်းတော်ဆောက်လုပ်ရာမှာ ကုန်ကျတန်ဖိုး ကျပ်ငွေသိန်း (၂၀၀၀) ကျော်ခန့် ကုန်ကျတယ်လို့ သိရပါတယ်။

“သာသနဟိတကာရီ သုံးထပ်ကျောင်းတော်ကြီး ရေစက်ချ အလှူပွဲမှာ လာရောက်ကြတဲ့ ဒေသခံ ပအိုဝ်း၊ ဓနု၊ ပလောင်၊ တောင်ရိုး၊ ဗမာ၊ ရှမ်းတိုင်းရင်းသားအစုံပါပဲ။ အများဆုံးကတော့ နက်ပြာရောင်ရိုးရာဝတ်စုံ ရောင်စုံခေါင်းပေါင်း ပုဝါတွေ ဆင်မြန်းထားကြတဲ့ ပအိုဝ်းတိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ အင်မတန် ခန်းနားထည်ဝါတဲ့ ကျောင်းရေစက်ချပွဲလို့ ဆိုရမမယ်” ဟု ဒေသခံတစ်ယောက်က ပြောသွားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်ဟာ ပအိုဝ်းစာသင် တိုက်ဖြစ်ပြီး နှစ်စဉ်သောတုဇန စာချ စာသင် ၀ါဆိုသံဃာတော် (၂၅၀) ကျော် သတင်းသုံးနေထိုင် လျက်ရှိကြောင်းလည်း သိရပါတယ်။ ကျောင်းထိုင်ဆရာတော်က ဦးပညာဝံသ (ဇာတိ- မင်းသောင်းရွာ၊ နောင်တရားနယ်) ကဖြစ်ပြီး၊ တိုက်အုပ်ဆရာတော်ကတော့ ဦးနာဂသေန (ဇာတိ- လျဲမ်မွူးတန်ရွာ၊ ပင်လောင်းနယ်)က ဖြစ်ပါတယ်။


သတင်းဓာတ်ပုံ ခွန်ခမ်းကူ

အောင်ချမ်းသာစာသင်တိုက်မှာ နှစ်စဉ် အခြေုပြု၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်းနှင့်အတူ ပထမပြန်စာမေးပွဲနဲ့ နိုင်ငံတော်ကျင်းပသည့် စာမေးပွဲတွေမှာ အောင်ချက်ကောင်း
သာ စာသင်တိုက် ဖြစ်ကြောင်းလည်း သိရပါတယ်။

သာသနဟိတကာရီ သုံးထပ်ကျောင်းတော်ကြီး ရေစက်ချပွဲကြီးမှာ ကျောင်းပေါင်း (၂၁) ကျောင်း ပင့်ဖိတ်ပြီး အဂ္ဂမဟာပဏ္ဍိတ တိပိဋက ရေစကြိုဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသ အရှင်သူမြတ်မှ တရားအနုမောဒနာနဲ့ ရေစက်ချဂါထာ ချီးမြင့်ပေးပြီး ကျောင်းဒါယကာ အလှူရှင် မိသားစုများနဲ့ အတူတကွ သာဓုခေါ် ကြည်ညိုနိုင်အောင် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ 
တောင်ကြီးတိုင်းမ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here