Monday, January 7, 2013

“မြန်မာမိန်းကလေးဟုယူဆရသူပုဇွန်ကန်ဘောင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ”

0 comments
 

၂၀၁၃ ဇန်န၀ါရီ ၅ထိုင်းနိုင်ငံအရှေ့ပိုင်း ဘန်ကောက်မြို့ နှင့်၇၅ကီလိုမီတာအကွာ တွင်ရှိသော  ချာချင်းစောင်
 မြို့အမှတ်(၃) ရပ်ကွက် ဘန်ကရောက်ရွာရှိပုဇွန်ကန်ဘောင်တွင် မြန်မာမိန်းကလေးဟုယူဆရသူတစ်ဦး
 သေနတ်ဖြင့် ပြီးခဲ့သည့် ညက ပစ်သတ်ခံခဲ့ရကြောင်းထိုင်းဘာသာဖြင့်ထုတ်ဝေသည့် ခေါင်စွတ်နှင့်ထိုင်းရပ်
 သတင်းစာတွင် ဖေါ်ပြထားသည်။
လူသတ်မှုဖြစ်ပွားခဲ့သည့် နေရာသို့ သက်ဆိုင်ရာနယ်မြေရဲ စခန်းနှင့်ကယ်ဆယ်ရေး လာရောက်စစ်ဆေးခဲ့ရာ

လက်နှစ်ဘက်ကို ကြိုးဖြင့်ချည်နှောင်ထားသည်။
တုတ်အမာဖြင့်ဦးခေါင်းကိုရိုက်ထားသောဒဏ်ရာများနှင့်လည်ပင်းကျိုးနေသည်။ ထို့နောက် သေနတ်ဒဏ်ရာ ၁၀ချက်ထက်မနည်းတွေ့ရှိရကြောင်းတာဝန်ရှိရဲကပြောသည်။

            ပုဇွန်ကန်ပိုင်ရှင် နန်းဘွန်မီး အသက် ၃၆ နှစ်  ထွက်ဆိုချက်အရ မနက် ၄ နာရီခန့်တွင် ခွေးပောာင် သံကြားသော်လည်း ထ,မကြည့်ခဲ့ကြောင်း၊   မနက်မိုးအလင်း ပုဇွန်ကန် ဘက်သို့ သွားရာ အလောင်းကိုတွေ့ ၍ သက်ဆိုင်ရာကို အကြောင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
ယ္ခု အသတ်ခံရသောမိန်းခလေး သည် ပုဇွန်ကန်သို့ မကြာခဏလာကြောင်း၊ပုဇွန်ကန်တွင်အလုပ်လုပ်ေ

သော မြန်မာ အလုပ်သမားတစ်ယောက်နှင့် သမီးရည်းစား ဖြစ်သည်ပာု ယူဆကြောင်း၊တစ်နေ့ထဲ တွင် ပုဇွန်
ကန် မှ အလုပ်သမား ဖုန်းဆက်ခွင့်ယူပြီးနောက်ဖုန်းပြန်ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍မရပဲပျောက်
နေကြောင်း  ထွက်ဆိုခဲ့သည်။
အမှုမှန် ပေါ်ပေါက်နိုင်ရန်  အတွက် ချာချင်းစောင် နယ်မြေရဲစခန်းမှအပူတပြင်းစုံစမ်းနေသည်ပာုThairath နှင့်

 khonsod သတင်းစာ တွင်ဖေါ်ပြထားသည်။

(အဓမ္မပြုကျင့်ခံရခြင်းရှိမရှိနှင့် အသက်အရွယ်/နာမည်တို့အားရေးသားထားခြင်းမရှိပါ။)

ရဲရင့်ငယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here