Monday, January 7, 2013

မြန်မာ့လေကြောင်းအတွက် နောက်ထပ် လေယာဉ်တစီး ရောက်လာ

0 comments
မြန်မာနိုင်ငံကို အခုတလော ဆက်တိုက် ဆိုသလိုဘဲ လေယာဉ်တွေ ရောက်လာနေပါတယ်။ ပုဂ္ဂလိက
 လေကြောင်းလိုင်းတွေအတွက် ရောက်လာသလို မြန်မာ့လေကြောင်းလိုင်းအတွက်လည်း ရောက်လာနေပါ
တယ်။ 
 
ဒုတိယ တစင်း ထပ်ရောက်လာတဲ့ ဘရာဇီးလ်နိုင်ငံလုပ် လေယာဉ်၊ ဓာတ်ပုံ- မြန်မာ့အလင်း

အခုနောက်ဆုံးရောက်လာတာကတော့ မြန်မာ့လေကြောင်းမှာ အသုံးပြုဖို့ အမေရိကန် နိုင်ငံ GE Capital Aviation Services (GECAS) က ငှားရမ်းထားတဲ့ ဘရာဇီးလ်နိုင်ငံလုပ် Embraer 190-AF လေယာဉ် XY-AGP ဒုတိယ အစင်းအနေနဲ့ ယမန်နေ့က ထပ်ရောက်လာတယ်လို့ မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြ ထားပါတယ်။ 

တလောက အဲပုဂံလေယာဉ်ပျက်ကျပြီး မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေအပေါ် ယုံကြည်မှု တစုံ တရာ
 လျော့ပါးသွားပေမယ့် ကြီးမားတဲ့ ထိခိုက်မှု မရှိနိုင်ဘူးလို့ သုံးသပ်နေသူတွေလည်း ရှိပါတယ်။ ဒါကြောင့် နိုင်ငံခြားခရီးသွားနဲ့ ပြည်တွင်း ခရီးသွားတွေအတွက် လိုအပ်နေတဲ့အရာတွေထဲမှာ ဟော်တယ် အခန်းတွေအပြင် လေယာဉ်တွေလည်း ပါဝင်တာကြောင့် အခုလိုမှာယူ ငှားရမ်း တင်သွင်းနေတာဖြစ်တယ် လို့ သုံးသပ်သူတွေက ဆိုပါတယ်။ 
hot news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here