Monday, January 7, 2013

နမ့်စန်တွင် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0 comments
ဇန်န၀ါရီလ၊ ၇ ရက်


ဇန်န၀ါရီလ ၆ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။နမ့်စန်မြို့နယ်၊မိုင်းစိတ်ကျေးရွာအုပ်စု၊ နောင်စန်းကျေးရွာတွင် နေထိုင်သော ဒေါ်နန်းခင်၏ နေအိမ်အား တောင်ကြီး မူးယစ်အထူးအဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များ၊ နမ့်စမ်မြို့နယ်ရဲများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ရှာဖွေရေး ၀ရမ်းဖြင့် ၀င်ရောက်ရှာဖွေခဲ့သည်။
          တရားခံ ဒေါ်နန်းခင်အား ၄င်း၏အိမ်ခန်းအတွင်းရှိ ထင်းရူးသေတ္တာပုံးအတွင်း ပလတ်စတစ်ဖြင့် ထုပ်ထားသော WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၂၀၀ စီပါသော အထုပ် ၂ ထုပ်၊ ဆေးပြား ၈၀ ပါသော အထုပ် ၁ ထုပ်၊ စုစုပေါင်း ၄၈၀ ပြား၊ ကာလတန်ဘိုး ၁၉ သိန်း ၂ သောင်းကျပ်နှင့် မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိသောငွေ ၅ သိန်းကျပ်တို့နဲ့ အတူ ဖမ်းဆီးရမိခဲ့သည်။ တရားခံ ဒေါ်နန်းခင်အား ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here