Monday, January 7, 2013

၁၅သိန်းတန်ဖုန်းများကို လဲလှယ်ပေး၍ငွေပြန်အမ်းမည်ဟု သတင်း များ ထွက်ပေါ်

0 comments
မြန်မာ့ ဆက်သွယ်ရေးမှယခင်ကချထားပေးသည့် ၁၅သိန်းတန်ဆင်း ကတ်များကိုယခုထွက်ရှိလာမည့် 3G စနစ်သုံးဖုန်းများ ထွက်ပေါ်လာချိန်တွင် ယင်းဖုန်းများနှင့် လဲလှယ်ပေးမည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ၁၅ သိန်းတန်ဖုန်းများသည် 2.5 G အဆင့်မှာ သာကျန် ရစ်ခဲ့ မည့် ဖုန်းများဖြစ်ပြီး ဆက်လက် ထွက်ပေါ်လာမည့် 3G စနစ်ကို မရရှိပါ။ ယင်းကဲ့သို့  မရရှိနိုင်တော့သည့် အတွက် 2G ဖုန်းများနှင့် 3G ဖုန်း စနစ်သို့ ပြောင်းလဲပေးရန် စီစဉ်ခြင်းသာဖြစ်ကြောင်း အွန်လိုင်း စာမျက်နှာ၏ တစ်ချို့ တွင် သိရသည်။

ပြည်တွင်း အသုံးပြုလျက်ရှိသော ဖုန်းများမှာ ယခုလက်ရှိ အသုံးပြုလျက်ရှိသော ဖုန်းများမှာ WCDMA / CDMA 800 မှလွဲ၍ ကျန်ဖုန်းများမှာ 2G Network အဆင့်သာရှိသော ဖုန်းများဖြစ်ပြီး အင်တာနက် အမြန်နှန်းမှာလည်း လေးလံလျက်ရှိနေကြောင်း အသုံးပြုသူများ၏ ပြောချက်အရသိရသည်။

အင်တာနက်လိုင်းနှေးကွေးမူများသာမကမိုဘိုင်းလ်ဒေတာ ကောက်ခံမှုများပါကြီးမြင့်နေခြင်းကြာင့် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်သုံးစွဲသူများ အခက်တွေ့ လျက်ရှိသည်။

လာမည့်လ အနည်းငယ်တွင် ရောင်းချပေးတော့မည်ဖြစ်သည့် 3Gစနစ်ဖုန်းများကို ပြည်ပ ကုမ္မဏီများ ဖြစ်သည့်  ZTE ၊ Huawei ကုမ္မဏီများနှင့်ပါ ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည့်အတွက် မိုဘိုင်းလ် အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်နိုင်ကြောင်း MPT မှ တာဝန်ရှိသူတစ်ဦး၏  ပြောပြချက်အရ သိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here