Friday, January 18, 2013

အလုပ်အကိုင် အခွင့်အလမ်းနှင့်အတူ ကျွမ်းကျင်လုပ်သား လိုအပ်ချက် မြင့်တက်နေမှုကြောင့် ပုဂ္ဂလိကကျွမ်းကျင်မှု လေ့ကျင့်ရေးကျောင်းများ ဖွင့်လှစ်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ ဖိတ်ခေါ်

0 comments
PDF Print

w1-18-3
အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)မှ သင်တန်းသား
များအား ဇန်န၀ါရီလ ၁၈ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာချိန်၌ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်အတူ  ကျွမ်းကျင်လုပ်သား လိုအပ်ချက်သည်လည်း မြင့်တက်လျက်ရှိကြောင်း လည်း အလုပ်သမားရေးရာ ကျွမ်းကျင်သူများထံမှ သိရှိရသည်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကြောင့် ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းတွင် ကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သား ပိုမိုရရှိရန်နှင့် လုပ်သားထု ကျွမ်းကျင်မှု မြှင့် တင်နိုင်ရန်အတွက် ပုဂ္ဂလိက သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်သောကြောင့် ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်းလည်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာနမှ သိရှိရသည်။
အဆိုပါ ပုဂ္ဂလိက သင်တန်းကျောင်းအမျိုးမျိုး ဖွင့်လှစ်လိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်လိုသူများ သို့မဟုတ် ကိုယ်ပိုင်တည်ထောင်လိုသူများသည် ၂၀၁၃ခုနှစ်၊ဇန်န၀ါရီလ ၃၁ရက်နေ့ နောက်ဆုံးထားကာ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီးက ''မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေဝင်ရောက်လာချိန်မှာကိုယ့်နိုင်ငံက လုပ်သားတွေက နိုင်ငံခြားကုမ္ပဏီတွေမှာ နေရာကောင်း
ကာင်းမှာ အလုပ်အကိုင် ရဖို့ အရမ်းကို အရေးကြီးပါတယ်။ ကျွမ်းကျင်မှုမှ ရှိမထားရင် လစာကောင်းတဲ့ အလုပ်ရဖို့ကလည်း မလွယ်ကူပါဘူး။ ဒီတော့ လုပ်သားတွေအနေနဲ့က  အလုပ်အကိုင် အခွင့်အလမ်းတွေက လာတော့မယ်။ ကိုယ့်ဘက်က ကျွမ်းကျင်မှုတွေ ဖြည့်  ထားဖို့တော့ လိုပါတယ်။ မဟုတ်ရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဘယ်လောက်ပဲလာလာ ကိုယ့်နိုင်ငံက အောက်ခြေလုပ်သားအဆင့်မှာပဲ ရှိနေလိမ့်မယ်။ ကျွန်တော်တို့ MES  (မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း)မှာတော့ ဂဟေလုပ်သားတွေ၊ ဆောက် လုပ်ရေး အင်ဂျင်နီယာတွေစသဖြင့်ပေါ့ လုပ်ငန်းခွင်က လုပ်သားတွေရဲ့ ကျွမ်းကျင်မှုနဲ့ ပတ်သက်ပြီး သင်တန်းပို့ချပြီး လက်မှတ်ထုတ်ပေးတာတွေ ဆောင်ရွက်နေပါတယ်''ဟုလည်း ပြောကြားခဲ့သည်။                
''လက်ရှိအချိန်မှာ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွေ ဖွင့်လှစ်ချင်တယ်ဆိုရင် ၀န်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားတာရှိပါတယ်။ဒါ့အပြင် ပြည်ပလုပ်ငန်းရှင်တွေအနေနဲ့လည်း လက်ရှိရှိနေတဲ့ သင်တန်းကျောင်းတွေ အဆင့်မြှင့်တင်ဖို့ လာရောက် လေ့လာ ဆွေးနွေးမှုတွေရှိနေပါတယ်။အန်တီတို့ သင်တန်းကျောင်း အနေနဲ့လည်း ပြည်ပနိုင်ငံက အလုပ်သမား ခေါ်ယူမှုတွေ ရရှိတဲ့အတွက်  သင်တန်းသားသစ် ခေါ်ယူမှုကို ယခု လမှာ စတင်နေပါတယ်။ဒီသင်တန်းကျောင်းကိုလာတက်တဲ့ သင်တန်းသားတွေအနေနဲ့ ပြည်တွင်းမှာဖြစ်ဖြစ်
 ပြည်ပမှာဖြစ်ဖြစ် လုပ်ငန်းခွင်ဝင်တွေမှာ ၀င်ရောက် လုပ်ကိုင်နိုင်တဲ့ အရည်အချင်းတွေ ရရှိအောင် သင်ကြားပေးနေပါတယ်'' ဟု အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ရန်ကင်း ကျွမ်းကျင်မှု လေ့ကျင့်ရေး
သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here