Saturday, January 5, 2013

မြန်မာနိုင်ငံမှာ ဦးကျော်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ် ဟု နန်းခင်ဇေယျာဆို

0 comments
ဇန်နဝါရီ၊ ၅။
Photo: မြန်မာနိုင်ငံမှာ  ဦးကျော်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်
ဟု နန်းခင်ဇေယျာဆို

ရန်ကုန်၊ ဇန်နဝါရီ၊ ၅။

မြန်မာနိုင်ငံတွင် ပရဟိတ လုပ်ငန်းများလုပ်ကိုင်နေသည့် ဦးကျော်သူ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ အလေးစားဆုံးပုဂ္ဂိုလ်များ ဖြစ်ကြောင်းနန်းခင်ဇေယျာက မြန်မာ့ခေတ်
သို့ ပြောကြားခဲ့သည်။

“ဒီနိုင်ငံမှာ ညီမအလေးစားဆုံးပုဂ္ဂိုလ်ကလည်း ဦးကျော်သူနဲ့ ဒေါ်အောင်ဆန်း
စုကြည်ကို လေးစားပါတယ်။ လူတိုင်းကိုလည်း လေးစားပါတယ်’’ ဟု နန်းခင်ဇေယျာက ပြောကြားသည်။

သူမ၏ လက်ရှိလှုပ်ရှားနေသော အနုပညာလုပ်ငန်းနှင့် ပတ်သက်၍ ‘’ အခု ဘီကိုဇင့်ဆေး ကြော်ငြာရိုက်နေပါတယ်။ နောက်ထပ် ပိးုထည်ကြော်ငြာတွေ ရိုက်ဖို့ရှိ ပါတယ်။ ဗွီယိုကြော်ငြာအတွက်က i-max ကြောငြာရိုက်ထားတာရှိပါ
တယ်။ နောက်ထပ် ကမ်းလှမ်းထားတာတွေ ရှိပါတယ်၊ မရိုက်သေးဘူး။ ဇာတ်ကားတွေကတော့ မရိုက်သေးပါဘူး။ ရိုက်တော့ရိုက်မှာပါ။ ညီမလည်း
လေ့လာစရာရှိတာ အရင်လေ့လာအုန်းမယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ
သေးတာလည်း ပါပါတယ်’’ ဟု ပြောကြားသည်။

၎င်းအနေဖြင့် Miss International မှရရှိခဲ့သောဆုများသည် ပအို့တိုင်းရင်း
သားများအတွက် အထောက်အကူ ပြုနိုင်ကြောင်းနှင့် “ညီမ အရင်လုပ်နေတဲ့ ဂိုက်လည်းဆက်လုပ်သွားမယ်။ ဇန်နဝါရီလ(၁၅)၊ ကနေ (၂၅)ရက်နေ့ထိ ညီမခရီးသွားပါမယ်။ ပြီးရင်ပရဟိတကို အလုပ်လုပ်မယ်၊ အားနေတဲ့အချိန်ကို
အနုပညာအလုပ်ကို ဆက်လုပ်သွားမှာပါ။ ဒီပရဟိတလုပ်ငန်း လုပ်တယ်ဆို
တာ Internationatian ဝင်ပြိုင်တဲ့ အချိန်မှာ မြန်မာပရဟိတလုပ်ငန်းကို
လည်း သင်ယူခဲ့ရတဲ့ အတွက်ကြောင့်လည်း ဒါကိုလုပ်ဖြစ်သွားတာပါ။’’ ဟု ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ခြင်း ရည်ရွယ်ချက်အား ရှင်းပြသည်။

ဇန်နဝါရီ(၁)ရက်နေ့တွင် နာရေးကူညီမှု(၁၂)ကြိမ်မြောက်ပွဲ၌ ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့မှ မင်းကိုနိုင် နှင့် တွေ့ဆုံခဲ့ကြောင်းသိရပြီး အဆိုပါ
ကိစ္စနှင့် ပတ်သက်၍ ‘’ နိုင်ငံရေးသမားတွေတောင် ညီမကို အားပေးကြတယ်၊
အသိမှတ်ပြုတယ်။ အဲနေ့ကဆို ညီမကို လက်ဆွဲ နှုတ်ဆက်တယ်။ ညီမလုပ်
နေတဲ့ အလုပ်ကို အားပေးအတွက်ကြောင့် ညီမကို နေရာတစ်နေရာပေးတဲ့ အတွက် ကြောင့်မို့ အရမ်းလည်း ဝမ်းသာပါတယ်’’ ဟု သူမက ပြောကြား
သည်။

အိအိ

The Myanma Age 

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here