Friday, January 11, 2013

တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပထမအကြိမ် မြို့နယ်ညီလာခံကျင်းပရာ ကန့်ကွက်သူရှိခဲ့သော်လည်း ပြီးမြောက်အောင် ကျင်းပဖြစ်ခဲ့

0 comments

ဇန်န၀ါရီ(၁၁)

တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၁၀)ရက် နံနက်(၁၀)နာရီမှ ညနေ(၄း၃၀)ထိ ၎င်းတို့၏ ရုံးတွင်  ပထမအကြိမ် မြို့နယ်ပါတီညီလာခံကို ကျင်းပခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ပထမအကြိမ် မြို့နယ်ပါတီညီလာခံကို ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ကော်မရှင် အဖွဲ့မှ  လာရောက်၍ တာဝန်ယူကျင်းပပေးတာဖြစ်ပါတယ်။


ညီလာခံတွင် မြို့နယ်အလုပ်အမှုဆောင် ရွေးချယ်ခြင်း၊ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းနှင့် ခရိုင်အလုပ်အမှုဆောင် ရွေးချယ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ မြို့နယ်အလုပ်အမှုဆောင်ရွေးချယ်ရာမှာ (၂၀)ဦးက ၀င်ရောက်ရွေးချယ်ခံကြပြီး ထိုအထဲမှာမှ (၁၅)ဦးကို ပြန်လည်ရွေးချယ်ကာ ဆက်လက်၍ ဥက္ကဌ(ဦးဌေးဝင်း)၊ ဒု-ဥက္ကဌ(ဦးစိုင်းလုံဆမ်ခတ်)၊ အတွင်းရေးမှူး(ဦးခင်မောင်တင့်)၊ တွဲဖက်အတွင်းရေးမှူး(ဦးဝင်းစွမ်)၊ ဘဏ္ဍာရေးမှူး(ဦးခမ်းလျှန်) နှင့် ပြန်ကြားရေး(ဦးဇော်ဖြိုးမြင့်)တို့ကို ရွေးချယ်၍ ပြန်လည်ပြီး တာဝန်ခွဲဝေကြကြောင်း သိရပါတယ်။

 {မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ}

ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ရာမှာ ရွေးချယ်ခံသူ (၃)ဦးထဲမှာမှ (၂၃)မဲ ရရှိတဲ့ ဦးဝင်းစွမ်က ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရပါတယ်။ ဆက်လက်၍ ခရိုင်အလုပ်အမှုဆောင် ရွေးချယ်ရာမှာလည်း ၀င်ရောက်အရွေးချယ်ခံသူ (၁၄)ဦးထဲမှာမှ (၁၀)ဦးကို ရွေးချယ်ခဲ့ကြပြီး ဥက္ကဌ၊ ဒု-ဥက္ကဌ စသည့် တာဝန်ပိုင်းကို သတ်မှတ်ပေးဖို့ကိုတော့ ဇန်န၀ါရီ(၁၅)ရက်နောက်ပိုင်းမှာ သတ်မှတ်မှာဖြစ်ကြောင်း သိရပါတယ်။

 {ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ}

ယခုပြုလုပ်သော ပထမအကြိမ်မြို့နယ်ညီလာခံ၌ မြို့နယ်အလုပ်အမှုဆောင် ရွေးချယ်ခြင်း၊ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းနှင့် ခရိုင်အလုပ်အမှုဆောင် ရွေးချယ်ခြင်းတို့ကို မပြုလုပ်မီ အခမ်းအနားအစတွင် ပါတီဝင်တစ်ဦးမှ ကန့်ကွက်လာကြောင်းသိရပါတယ်။ ၎င်းအနေဖြင့် ကန့်ကွက်ရခြင်းမှာ ၂၀၁၂ခုနှစ် နိုဝင်ဘာ(၂၀)ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန်ဆိုင်းရပ်ကွက် ညီလာခံနှင့် ပတ်သက်တာဖြစ်ပြီး ကန့်ကွက်ရခြင်း၏ အသေးစိတ်ကို မသိရှိရပေမဲ့ ယခုလို ကန့်ကွက်ခြင်း အကြောင်းအရင်းကိုလည်း ဗဟိုကို တင်ပြသွားမှာဖြစ်ကြောင်းကိုတော့ သိရှိရပါတယ်။
 
တာချီလိတ် 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here