Thursday, January 10, 2013

ဂျီဂါဘိုက် တထောင်ဆံ့မယ့် Memory Stick စတင်ထုတ်လုပ်ပြီ

0 comments


ယူအက်စ်ဘီ ဖလက်ရှ် ဒရိုက် (USB flash drive) တွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မီဂါဘိုက် (megabytes) သိုလှောင်မှု ပမာဏ သာ ရှိခဲ့တဲ့ အခုဆိုရင် အံ့အားသင့်ဖွယ်ရာကောင်းလောက်တဲ့ မှတ်ဥာဏ်ပမာဏ နဲ့ ပစ္စည်းတွေ ထွက်ရှိလာပါတယ်။

(USB flash drive) တွေကို ထုတ်လုပ်နေတဲ့ ကင်စတန် (Kingston) ကုမ္မဏီက ကမ္ဘာ့ပထမဦးဆုံး ၁ တဲရာဘိုက် (1 Terabyte USB flash drive ) သိုလှောင်မှုအား မှတ်ဥာဏ်ရှိတဲ့ ပစ္စည်းသစ်ကို ထုတ်လုပ် မိတ်ဆက်လိုက်ပါပြီ။

တဲရာဘိုက် တခုဟာ ဂျီဂါဘိုက် တထောင်နဲ့ ညီမျှပါတယ်။

ကင်စတန်က သူ့ ရဲ့ ပစ္စည်းသစ်ကို (The DataTraveler HyperX Predator 3.0) လို့ နာမည်ပေးထားပြီး အချက်အလက်တွေ ပြောင်းရွှေ့နှုန်း လျှင်မြန်မှု စွမ်းအားဟာ  (240MB – 160 MB) ကြား ရှိပါတယ်။

လက်ရှိအချိန်မှာတော့ 512 GB ပစ္စည်းတွေသာ ဈေးကွက်မှာ ရှိသေးပြီး တခုကို  ဒေါ်လာ ၁,၇၅၀ နဲ့ ရောင်းချခဲ့တာကြောင့် ကွန်ပြူတာ တလုံးထက်တောင် ဈေးကြီးနေပါတယ်။

ဘယ်လောက်လဲ၊  ဘယ်တော့ဈေးကွက်ထဲ ရောက်မလဲ

ဒါကြောင့် ဖေဖော်ဝါရီ လကုန်ပိုင်းလောက်မှာ ထွက်လာမယ့် ကမ္ဘာ့ပထမဆုံး 1TB  ဆန့် မယ့် Memory Stick ဟာ ဒေါ်လာ ၂,၀၀၀ နီးပါး ရှိနိုင်ပြီး ကျန်တဲ့ ပစ္စည်းတွေကတော့ ဈေးကျဖွယ်ရှိကြောင်း သိရပါတယ်။

သာမန် သုံးစွဲသူများအတွက်တော့ ကင်စတန် ကုမ္ပဏီဟာ 32 GB နဲ့ 64 GB ပစ္စည်းတွေကို ထုတ်လုပ်ထားပြီး လျှင်မြန်မှုစွမ်အား 150 MB နဲ့  70 MB ကြားရှိတယ်လို့ ဆိုပါတယ်။

USB - Flash Drive ပစ္စည်းတွေဟာ ယခုလို အိုင်တီ ခေတ်ကြီးမှာ မရှိမဖြစ် လက်မှာဆောင်ထားရတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို နေရာတိုင်းသို့ ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားနိုင်တဲ့ပစ္စည်းတခုဖြစ်ပါတယ်။

နည်းပညာ တွေဟာ တနေ့ ထက်တနေ့ ပို၍မြင့်မား တိုးတက်လာတာကြောင့်  သေးငယ်တဲ့ အရာဝတ္ထု တခုလေးမှာ သိုလှောင်မှုမှတ်ဥာဏ်ပမာဏ  1 MB သာ ဆန့် နိုင်တဲ့အဆင့်ကနေ  1 GB, 16 GB,  စသဖြင့် တိုးတက်လာခဲ့ပြီး ၂၀၁၃ မှာတော့ 1 TB အဆင့်ထိ အချိန်အတိုအတွင်းမှာတင်  တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ဈေးနှုန်းအတားအဆီး
ဒါပေမယ့် နောက်ဆုံးထွက် 1GB ပစ္စည်းကို သုံးစွဲချင်တဲ့ သူများအတွက် ဈေးနှုန်းက အတားအဆီး တခု ဖြစ်လာဖွယ်ရှိပါတယ်။

 ဈေးကွက်ထဲမှာ ကြိုရှိနှင့်ပြီးဖြစ်တဲ့ Portable hard drive တွေဟာ ပျမ်းမျှ အလေးချိန် (0.15 kg) နဲ့ ဖုန်းတလုံးထက် အနည်းငယ်ကြီးတဲ့ ဆိုဒ်သာရှိပြီး  ဒေါ်လာ ၃၀၀ လောက် နဲ့  အကောင်းဆုံးပစ္စည်းတွေ ရရှိနိုင်တာပါ။

ဒါကြောင့်   ကင်စတန် က ထုတ်လုပ်လိုက်တဲ့  USB - Flash Drive 1 TB ပစ္စည်းတွေဟာ စီးပွားရေး ကုမ္မဏီ ကြီးတွေ နဲ့  ပိုက်ဆံ များများ ဖြုန်းနိုင်တဲ့သူများသာ သုံးစွဲနိုင်ဖွယ်ရှိပြီး သာမန်လူထု ကြားမှာတော့ အသုံးများဖို့ အချိန် အတော်ကြာအုံးမယ်လို့  ထင်ပါတယ်။

ကိုးကား ။ 

http://mashable.com/2013/01/08/kingston-1tb-usb-flash-drive/
http://liliputing.com/2013/01/kingston-introduces-a-1tb-usb-3-0-flash-drive.html
 ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here