Friday, January 18, 2013

တင်သွင်းကားမှ ပစ္စည်းများဆိပ်ကမ်းတွင်မကြာခဏပျောက်နေ

0 comments



 
ဂျပန်နိုင်ငံမှကားများမှာယူလျှင်ကားများတွင်ပါဝင်သောတန်ဆာပလာများအစုံအလင်ပါဝင်သော်လည်းရန်ကုန်မြို့
ဆိပ်ကမ်းအသီးသီးအရောက်တွင်ထိုကားများမှတန်ဆာပလာများဆိပ်ကမ်းထဲတွင်ပျောက်ဆုံးလျက်ရှိကြောင်းမော်
တော်ယာဉ်ထုတ်လုပ်တင်သွင်းသူများအသင်းကတာဝန်ရှိသူတစ်သီးက my garden တွင်ပြုလုပ်သောစာနယ်ဇင်း
ရှင်းလင်းပွဲတွင်ပြောကြားသည်။“ဂျပန်နိုင်ငံကကွန်တိန်နာနဲ့ လာတဲ့ကားကတော့ကွန်တိန်နာထဲမှာထည့်ထားတာ
ဆိုတော့ ပစ္စည်းကတော့မပျောက်နိုင်ဘူး ကယ်ရီရာနဲ့လာတဲ့ကားကျတော့ကားသေးရင်လည်းကားသေးသလို ၊ ကားကြီးရင်လဲကားကြီးသလို ကယ်ရီယာ စကပ်ပြီ ဆိုတာနဲ့ မောင်းချတာက ဆိပ်ကမ်းကဌားထားတဲ့ Driver အဖွဲ့က မောင်းချကာ မောင်းချပြီးတော့ဆိပ်ကမ်းရဲ့ သတ်မှတ်တဲ့ရက် ၊ သတ်မှတ်တဲ့နေရာမှာထားတယ်။ ၁ပတ်လောက်ပဲထားရင် ကိစ္စမရှိဘူး။၂လ ၊ ၃လ ၊ ၄လ၊၅လ နဲ့ ၆လ လောက်ထားတဲ့ကားတွေကျတော့ဘာပစ္စည်းကျန်မယ် ၊ မကျန်ဘူး။ဘာပစ္စည်းပျောက်မယ် ၊မပျောက်ဘူးဆိုတာဟာကတော့ ဘယ်ပိုင်ရှင်ကမှဆိပ်ကမ်းထဲကိုဝင်ပြီးတော့ကြည့်နိုင်တာမဟုတ်ဘူး။ custom ကနေ ဖိုင်ရပြီဆိုပြီး ပြောတဲ့အချိန်ကျမှ ဆိပ်ကမ်းထဲဝင်ကြည့်တာဆိုတော့ အဲဒီအချိန်ကျတော့ သဗ္ဗေသတ္တာကံမ္မသကာတန်ဖိုးရှိရင်တန်ဖိုးရှိသလိုပျောက်တယ်။ဆိပ်ကမ်းထဲမှာကားအက်စိဒင့်ဖြစ်သွားတယ်၊တိုက်
သွားတယ်။
ကျွန်တော်တို့ရှေ့တင်ဖြစ်သွားတယ်။ကျွန်တော်တို့ကားမဟုတ်ပေမယ့်သက်သေဖြစ်တဲ့အတွက်  ကောက်ရှင်းချင်
တယ်။
ဒီလိုမျိုးမျက်မြင်သက်သေမရှိပဲဘယ်နှစ်မျိုးလောက်ကဘယ်လိုမျိုးဖြစ်ရပ်မျိုးတွေကြုံတွေ့နေလည်းကျွန်တော်လည်း
မသိနိုင်ဘူး။ 
 အဲဒီလိုဖြစ်တဲ့အခါမှာလည်း custom တာဝန်ယူတာမဟုတ်ဘူး´´ဟုပြောကြားခဲ့သည်။အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားရာတွင်“အဲဒီက၀န်ထမ်းတွေလုပ်တယ်မလုပ်ဘူးဆိုတာပုံသေပြောလို့မရဘူး။ကားသော့က
အပြင်လူကိုင်လို့မရဘူး။အဲဒီက၀န်ထမ်းကလွဲလို့ဒါပေမယ့်တစ်ခုရှိ တာက အပြင်ကဖြုတ်လို့ရတဲ့ပစ္စည်းက အဲဒီဝန်ထမ်းတွေမဖြုတ်လည်းတခြားလူတွေကဖြုတ်မှာပဲ အနီးစပ်ဆုံးပြောရမယ်ဆိုရင် အင်တာနာလိုဟာမျိုး အဲဟာတွေက စကူလေးနဲ့ အပြင်မှာစုတ်ထားတာလှည့်လိုက်တာနဲ့ရတယ်။ အပြင်မှာအဲ့တာတွေက ပြန်ဝယ်မယ်
ဆိုရင် ၂ သိန်း ၊ ၃ သိန်း လောက်ရှိတယ်။ အပြင်ပစ္စည်းပျောက်တာတော့ မဆန်းဘူး။အတွင်းပစ္စည်းပျောက်တာ
ကျတော့ ဘယ်လိုမှငြင်းလို့မရဘူး။ကားထဲမှာပါတဲ့ TV တွေဘာတွေဆို သူဘာသာသူတော့ခြေထောက်ပေါက်ပြီး မထွက်သွားဘူးဟိုမှာကားမှာပြီဆိုထဲက ဂျပန်လူမျိုးက ဓာတ်ပုံနဲ့ရိုက်ပြီးတော့ ထည့်ပေးလိုက်တာ´´ဟုပြောကြားခဲ့
သည်။ ယင်းကဲ့သို့ပျောက်ရှခြင်းမှာလည်း တစ်ခုနှစ်ခါမကတော့ပဲလုပ်ငန်းရှင်တိုင်း လိုယင်းကဲ့သို့ကားများတွင်ပါ
လာသောပစ္စည်းများ ပျောက်ရှလျက်ရှိကြောင်းအဆိုးဆုံးပျောက်ရှသည်မှာ ဂျပန်နိုင်ငံမှကားထဲတွင်ထည့်ပေး
လိုက်သောဆီများဖြစ်ကြောင်းသိရှိရသည်။
hot news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here