Friday, February 1, 2013

ရာသီဥတုအခြေအနေကြောင့် ရန်ကုန်လေဆိပ်မှနံနက်အစောပိုင်းထွက်ခွာမည့်လေယာဉ်များ နှစ်နာရီခွဲခန့်နောက်ကျ

0 comments
ဖေဖော်ဝါရီ(၁)


မြူထူထပ်စွာကျဆင်းနေခြင်းကြောင့် ရန်ကုန်လေဆိပ်မှထွက်ခွာမည့် နံနက်အစောပိုင်း ပြည် တွင်း ပြည်ပ ခရီးစဉ်များအားလုံး နှစ်နာရီခွဲခန့်နောက်ကျပြီးမှသာ ထွက်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်လေဆိပ်မှာ ၂၄ နာရီဖွင့်လှစ်ထားခြင်းဖြစ်ပြီး နံနက်အစောပိုင်း ခရီးစဉ်များကို နံနက် ၆ နာရီ တွင် စတင်လေ့ရှိသော်လည်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် မြူထူထပ်စွာကျဆင်းနေခြင်းကြောင့် ၈ နာရီ ၃၅ မိနစ်မှသာ လေယာဉ်ခရီးစဉ်များ စတင်ထွက်ခွာနိုင်ခဲ့ကြောင်း ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

"ပုံမှန်ဆိုရင်တော့ နံနက် ၆ နာရီမှာ လေယာဉ်ခရီးစဉ်တွေ စတင်ထွက်ခွာပါတယ်။ ဒီနေ့မနက်မှာ တော့  ရာသီဥတုက မြူတွေထူထပ်စွာကျနေပြီး မြင်ကွင်းမရှင်းလို့ လေယာဉ်ထွက်ချိန်တွေနောက်ကျခဲ့ပါတယ်။ ၈ နာရီ ၃၅ မိနစ်မှသာ လေယာဉ်ခရီးစဉ်တွေ စတင်ထွက်ခွာနိုင်ပါတယ်"ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။


သတင်း
Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here