Saturday, January 5, 2013

ရောင်စုံ iPhone 6 လာတော့မယ်ဆိုပဲ

0 comments

ဇန်န၀ါရီ(၅)

APPLE ရဲ့  iPhone 6 ဟာ မကြာခင်မှာ အရောင်အသွေးစုံလင်စွာနဲ့ ပေါ်ထွက်လာပါတော့မယ်လို့ နည်းပညာ ကျွမ်းကျင်ပညာရှင်တွေက ဆိုနေပါတယ် တဲ့။

 အသစ်ထွက်လာမယ်ဆိုတဲ့ ၀ါ၊ စိမ်း၊ နီ၊ ပြာ အရောင်စုံလင်တဲ့ iPhone 6 ၊ ဓာတ်ပုံ- The Sun
 
 ဗားရှင်းသစ်နဲ့ ပေါ်လာမယ့် iPhone 6 ဟာ မေလ မတိုင်ခင် အထိတော့ ထွက်လာမှာ မဟုတ်သေးပေမယ့် တချို့သတင်းတွေမှာ ဇွန်လမှာ ထွက်လာမယ်လို့လည်း ဆိုနေတာတွေ ရှိပါတယ်။

အသစ်ထွက်လာမှာက iPhone 5s လား၊ iPhone 6 လားဆိုတာလဲ ခန့်မှန်း ဝေဖန်မှုတွေ ရှိကြပါတယ်။

iPhone 6 သာ ထွက်လာခဲ့ရင် အရင် ထွက်ပေါ်ခဲ့တဲ့ iPhone တွေထက် သေးသွယ်မလား၊ အလယ် အလတ်ပဲ ဖြစ်နေမလား၊ ဒါမှ မဟုတ် ပိုပြီး အရွယ်ကြီးနေမလားဆိုတာ အမျိုးမျိုး ခန့်မှန်းနေကြတယ်လို့ The Sun အွန်လိုင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

Apple သူဌေးတွေမျှော်လင့်ထားတဲ့ ပုံကတော့ မနှစ်က ထွက်ခဲ့တဲ့ iPhone 5 ထက် အစစအရာရာမှာ ပိုပြီး မြန်ဆန်သွက်လက်ပေါ့ပါးဖို့ပါပဲ။
 
ဧရာဝတီBlog 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here