Saturday, January 5, 2013

လှိုင်းဘွဲ့မြို့ ကရင်နှစ်ကူးပွဲကို KNU စစ်ဦးချုပ် တက်မယ်

0 comments

ဇန်န၀ါရီ(၅)

ကရင်ပြည်နယ်ရှိမြို့နယ်များတွင် တခမ်းတနား အလှည့်ကျ ကျင်းပသည့် နှစ်သစ်ကူးပွဲတော်ကို KNU စစ်ဦးချုပ် ပထမဆုံးအကြိမ် တက်ရောက်မည်ဖြစ်သည်။

ယခုနှစ်အတွက် အလှည့်ကျသည့် ဒေသမှာ လှိုင်းဘွဲမြို့နယ်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဂျော်နီ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)

 စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီက ဧရာဝတီသတင်းဌာနကို အောက်ပါအတိုင်း ပြောပြသည်။
 ”ပွဲတော်ကျင်းပရေးကော်မတီက ကျွန်တော်တို့ကို ဖိတ်တယ်။ ကရင်အမျိုးသားစည်းလုံးညီ ညွှတ်မှုအတွက် သွားရောက်မှာဖြစ်တယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ သဘောထားတွေကိုလည်း ကရင်အမျိုးသားတွေကို သိစေချင်တယ်”

ယခုနှစ်ဇန်န၀ါရီလ ၁၂ နေ့တွင် ရောက်သည့် ကရင်သက္ကရာဇ် ၂၇၅၂ ခုနှစ်၏ ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်နှင့် ကရင်အမျိုးသားများနေထိုင်ကြသည့် နေရာဒေသများတွင်လည်း တပြိုင်တည်း ကျင်းပကြမည် ဖြစ်သည်။
လှိုင်းဘွဲမြို့တွင် ပြုလုပ်မည့် ပွဲတော်သို့ ကရင်အမျိုးသားအစည်းအရုံး KNU ၏ ပြည်ထဲရေးဌာနတာဝန်ခံ ပဒိုအားတိုးအပါ အ၀င် ခေါင်းဆောင်အချို့လည်း တက်ရောက်ကြမည်ဟု သိရသည်။

ပဒိုအားတိုးက ”KNU ဥက္ကဌရဲ့နှစ်သစ်ကူးသ၀ဏ်လွှာကို ဖတ်မယ်၊ နောက်ပြီး လက်ရှိပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လူထုကို ချပြဘို့ရှိတယ်။ ဒါက အရေးကြီးတယ်။ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်” ဟုပြောသည်။

KNU စစ်ဦးစီးချုပ်နှင့် အဖွဲ့သည် နှစ်သစ်ကူး ခရီးစဉ်အတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကရင်နိုင်ငံရေးပါတီများ၊ အခြား ကရင်အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံရန်ရှိသည်ဟု သိရသည်။

ကရင်နိုင်ငံရေးပါတီတခုမှ လွှတ်တော် ကိုယ်စားလှယ်တဦးက ” KNU က တာဝန်ရှိသူတွေ ကရင်နှစ် သစ်ကူးပွဲလာမယ်ဆိုတော့ အတိုင်းမသိဝမ်းသာပါတယ်။ ဒါမျိုးကအရင်ကတည်းကဖြစ်သင့်တာပါ။ ကရင်ပြည် နယ်မှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဘို့ ဆိုတာက တကယ် တာဝန်ရှိတဲ့လူတွေမှာပဲ မူတည်တာပါ” ဟုပြော သည်။

ပွဲတော်သို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်နိုင်ငံရေးပါတီများ၊ KNU အပါအ၀င် အစိုးရ မဟုတ်သော အဖွဲ့အစည်းများကို ဖိတ်ကြားထားပြီး ပွဲတော်သို့ ကရင်ရိုးရာဒုံးယိမ်း အဖွဲ့ ၃၀ ခန့်  ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဟု ပွဲဖြစ်မြောက်ရေး နာယက ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ၁၉၃၉ ခုနှစ်တွင် တရားဝင်  စတင် ကျင်းပခဲ့သည်။ 
 
ဧရာဝတီBlog 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here