Tuesday, January 8, 2013

Leo Messi - လေးကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု

0 comments
 Photo: Leo Messi - လေးကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု 
======================================
ဇန်န၀ါရီလ ၇ ရက်နေ့မှာ ဘာစီလိုနာ တိုက်စစ်မှုး အာဂျင်တီးနားသား လီယိုမက်ဆီ (Messi) က ၂၀၁၂ နှစ် ဖီဖာဘောလုံးအဖွဲ့ချုပ်ရဲ့ စတုတ္ထအကြိမ်မြောက် အကောင်းဆုံး ဘောလုံးသမားဆု (FIFA Ballon d’Or) ကို ရရှိသွားပြီး ဆွီဇာလန်မှာ ဆုကို လက်ခံရယူခဲ့ပါတယ်။ ပေါ်တူဂီ တိုက်စစ်မှုး ခရစ်ရှန်းနို ရိုနယ်ဒို က ဒုတိယ နဲ့ စပိန်အလယ်တန်းလူ Iniesta က တတိယနေရာမှာ လိုက်ခဲ့ပါတယ်။ မက်ဆီ က ၂၀၁၂ နှစ် ဘောလုံးရာသီမှာ စုစုပေါင်း ၉၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဖီဖာအကောင်းဆုံးဆုကို ပြင်သစ်မှ Zinedine Zidane နဲ့ ဘရာဇီးမှ Ronaldo တို့က ၃ ကြိမ်စီ ရဖူးပေမဲ့ မက်ဆီက ယခုအခါ ပြိုင်ဖက်မရှိ လေးကြိမ်မြောက် ရရှိသွားပါတယ်။ ဒီတကြိမ် FIFA Ballon d’Or ဆုအတွက် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မက်ဆီက ၄၁.၆၀% ၊ ရိုနယ်ဒို က ၂၃.၆၈% နဲ့ Iniesta (အသံဘယ်လိုထွက်?) က ၁၀.၉၁ % အသီးသီးရကြတယ်လို့ သိရပါတယ်။ (Ref; NBC Sport - Pro Soccer Talk, Jan 7, 2013)

myanmar 1

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here