Tuesday, January 8, 2013

ဂျလန်းကျွန်းဆရာတော်၏ အထူးကလေးတရားပွဲ၌ ကျောင်းသား/သူများ တစ်သောင်းခန့် တရားနာလာရောက်

0 comments


တာချီလိတ်မြို့ပေါ်ရှိ ထက်/လယ်/မှု စာသင်ကျောင်းများမှ ကျောင်းသား/သူ ကလေးသူငယ်များ နှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(တာချီလိတ်)မှကလေးသူငယ်များအပါအ၀င် အယောက်(၁၀၀၀၀)ခန့်ကို 
 မြန်မာနိုင်ငံ တောင်ဘက်အစွန်းဆုံး ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ မှ အထူးကလေးတရားပွဲအဖြစ် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၈)ရက် နံနက်(၇)နာရီမှ (၉)နာရီထိ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ  ကျောင်းသား/သူ ကလေးသူငယ်များအား လိမ်မာယဉ်ကျေးစေရန်အတွက် တရားတော်ဟောကြားတော်မှုခဲ့ပါတယ်။




ဂျလန်းကျွန်းဆရာတော်မှ တရားတော်ဟောကြားရာတွင် ကျောင်းသား/သူများအား ဘာသာတရား သိရှိနားလည်စေရန်နှင့် လိမ်မာယဉ်ကျေးစေရန်အတွက် ရည်ရွယ်ကာ ဆရာတော်၏ ဖြတ်သန်းမှု တစ်စိတ်တစ်ဒေသအကြောင်းအရာများနှင့် ကလေးသူငယ်များအနေဖြင့် ဘုရား၊တရား၊ သံဃာကို စိတ်ဝယ်ကိန်းအောင်းနေစေရန်အပြင်၊ ဆရာတော်မှ ဆလုံလူမျိုးများ၏ ဘာသာစကားများကို သိရှိစေရန်အတွက် ရွတ်ပြခဲ့ပါတယ်။ ဆလုံလူမျိုး၏ ဘာသာစကားတွင် မြန်မာဘာသာစကားအနေဖြင့် ရယ်စရာအဓိပ္ပာယ်သက်ရောက်သော စကားသုံးမျိုးကိုလည်း ကြားသိခဲ့ရပါတယ်။ ဆလုံးလူမျိုးတို့၏ ဘာသာစကားများ၌ ”ဘုန်းကြီး"ကို "ဗလုဝ"၊ "စစ်သား"ကို "မသာ"၊ "စစ်ဗိုလ်"ကို "မသာဗိုလ်ကြီး"ဟု ခေါ်ဆိုသုံးနှုန်းကြပြီး "တယ်လီဖုန်း"ကို "ဟဲလို"ဟု ခေါ်ဆိုကြောင်း ဆရာတော်မှ ပြန်လည်၍ ရယ်စရာမောစရာ သိမှတ်ဖွယ်အဖြစ် ပြန်လည်ဟောကြားပြောပြခဲ့ပါတယ်။




ဆက်လက်၍ ဆရာတော်မှ တရားတော်များ ဟောကြားအပြီး ရေစက်မချမှီတွင် သက်ဆိုင်ရာ ကျောင်းများ၏ ဆရာ/မတစ်ဦးအား ကျောင်းအတွက် လှူဒါန်းသော စာရေးကိရိယာများကို အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး အကျိုးဆောင်များမှ  ပေးအပ်လှုဒါန်းခဲ့ကြပြီး ရေစက်ချကာ အထူးကလေးတရားပွဲအား အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါတယ်။






တယ်အထူးကလေးတရားပွဲတွင်ရောက်ရှိလာသော ကျောင်းသားကျောင်းသူများမှာ အယောက်တစ်သောင်း ၀န်းကျင်ရှိတာကိုရှိရပြီး တရားပွဲသို့ တရားနာရောက်ရှိလာသော ကျောင်းဆရာ/မများ၊ တရားပွဲဖြစ်မြောက်ရေး အကျိုးဆောင်များမှလည်း များစွာ ပီတိဖြစ်ရကြောင်း ပြောကြားလာပါ။

 






ဂျလန်းကျွန်းဆရာတော်သည် ဇန်ဝါရီလ(၇)ရက်မှ(၈)ရက်နေ့ထိ (၂)ရက်တိုင်တိုင် တာချီလိတ်မြို့တွင် တရားတော်ဟောကြားတာဖြစ်ပြီး (၁၈)ကြိမ်မြောက် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာတရားပွဲ၏ နောက်ဆုံးဟောကြားသည့် ဆရာတော်လည်းဖြစ်ပါတယ်။

ပုံများကိုကြည့်ရန်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here