Tuesday, February 26, 2013

တာချီလိတ်မြို့နယ်စာရေးဆရာအသင်းက ကျင်းပတဲ့ စာပေဟောပြောပွဲ ပြီးမြောက်

0 comments
ဖေဖော်ဝါရီ(၂၆)

ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ည(၇)နာရီက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမမှာ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းကကြီးမှူးပြီး စာရေးဆရာ(၂)ဦး စာရေးဆရာမ (၁)ဦးတို့နဲ့ စာပေဟောပြောပွဲကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

{စာရေးဆရာ လယ်တွင်းသား စောချစ်}

{စာရေးဆရာ နေ၀င်းမြင့်}

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းက ပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ လယ်တွင်းသား စောချစ်၊ စာရေးဆရာ နေ၀င်းမြင့် နဲ့ စာရေးဆရာမ ခင်ခင်ထူးတို့က ဟောပြောကြတာဖြစ်ရာ စာပေချစ်မြတ်နိုးသူ ၀ါသနာရှင် တော်တော်များများ လာရောက် အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

{စာရေးဆရာမ ခင်ခင်ထူး}

ယနေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးကို ဖွင့်လှစ်ပွဲအဖြစ် ကျင်းပခဲ့ကြတာဖြစ်ပြီး ညနေပိုင်းမှာတော့ အခုလို စာပေဟောပြောပွဲ့ကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း အဆိုပါ စာရေးဆရာ/မ တို့က ကျိုင်းတုံမြို့မှာလည်း သွားရောက်ဟောပြောမှာဖြစ်တယ်လို့ သိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here