Monday, February 25, 2013

ရွှေလီမှာ မြန်မာနိုင်ငံက မြွေအကောင်ရေ တန်ချိန် ၄ တန်နီးပါး ဖမ်းမိ

0 comments

ဖေဖော်ဝါရီ(၂၅)
 


မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တိရိစ္ဆာန်တွေ မှောင်ခိုကူးသူတွေထံက မြွေ အကောင်ရေ ၄၈၀၀ ကျော် ဖမ်းဆီးမိလိုက်တယ်လို့ ယူနန် အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက် လင်းအားကြီး ၄ နာရီလောက်မှာ မြန်မာနိုင်ငံဖက်ကနေ ဝင်ရောက်လာတဲ့ ကားတစ်စီးကို တရုတ် ရွှေလီရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အဲဒီကားထဲမှာ ပါလာတဲ့ သေတ္တာတွေထဲမှာ မြွေအကောင်ရေ ၄၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တာပါ။

ဖမ်းမိတဲ့ မြွေအမျိုးအစားတွေကတော့ မြွေဟောက် အကောင်ရေ ၂၀၀၀ ကျော်၊ မြွေပွေး ၂၃၀ အပါအဝင် တခြားမြွေ အမျိုးအစား ၂၀၀၀ ကျော် ဖမ်းမိတာဖြစ်ပြီး အလေးချိန် ၄ တန်နီးပါး ရှိတယ်လို့ ရွှေလီ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မြန်မာနိုင်ငံက တောရိုင်းတိရိစ္ဆာန်တွေ တင်လာတဲ့ကား ရွှေလီဖက်ကို ရောက်မယ်လို့ သတင်းပေးချက်ရတာကြောင့် အခုလို ဖမ်းဆီးလိုက်နိုင်တာဖြစ်ပြီး သံသယရှိသူတစ်ဦးကိုပါ ရွှေလီ ရဲတပ်ဖွဲ့က ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ မြွေသားကို အမြတ်တနိုးစားသုံးကြသူ များသလို မြွေ မွေးမြူရေးဟာလည်း အရေးပါတဲ့ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာနေတယ်လို့ ဆင်ဟွာသတင်းဌာနက ရေးသားပါတယ်။

RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here