Sunday, February 10, 2013

ဟောင်ကောင်တွင် မှောင်ခိုတင်သွင်းလာသော မြွေအရှင် ၂၆၀၀ ကောင်အား ဖမ်းဆီးမိ

0 comments
ဖေဖော်ဝါရီ(၁၀)

ဟောင်ကောင် အခွန်ကောက်ခံရေး အရာရှိများက ထိုင်းနိုင်ငံမှ သစ်သီးများ သယ်ဆောင်လာသည့် သင်္ဘောတစ်စီးအား စစ်ဆေးရာတွင် မြွေအရှင် ၂၆၀၀ ကောင်အား တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါ သင်္ဘောပေါ်တွင် ခလောက်မြွေ ၂၄၀၀ ကောင်နှင့် မြွေဟောက် ၂၀၀ ကောင်တို့ကို အခွန်ကောက်ခံရေး အရာရှိများက တရုတ်နှစ်သစ်ကူးရက် မတိုင်မီ 
ရက်အနည်းငယ်အလို ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
အဆိုပါ မြွေများကို မည်သည့်ရည်ရွယ်ချက်ဖြင့် တင်သွင်းလာသည်ကို မသိရှိသေးကြောင်း၊ သို့သော်လည်း အဆိုပါ မြွေအမျိုးအစားများကို တရုတ်နိုင်ငံတောင်ပိုင်း ဟင်းလျာများတွင် တွေ့ရလေ့ရှိသည်။
မြွေများကို ဟင်းချိုများအဖြစ် ချက်ပြုတ်လေ့ရှိပြီး အရသာကောင်းမွန်မှု၊ သွေးလည်ပတ်မှု ကောင်းမွန်စေမှုနှင့် ဖျားနာမှုမှ ကာကွယ်ပေးမှု စသည့်အာနိသင်တို့ရှိကြောင်း သိရသည်။
ဟောင်ကောင် ဥပဒေအရ မြို့တွင်းသို့ မည်သည့်ကုန်ပစ္စည်းမဆို မှောင်ခိုသွင်းလာလျှင် ထောင်ဒဏ် ခုနှစ်နှစ်နှင့် အထက်နှင့် အမြင့်ဆုံးဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ ၂ သန်း (အမေရိကန်ဒေါ်လာ ၂၅၀၀၀၀) ပေးဆောင်ရကြောင်း သိရသည်။
ပြီးခဲ့သည့်လက ဟောင်ကောင်တွင် မြို့ထဲသို့ တင်သွင်းလာသော အမေရိကန်ဒေါ်လာ တစ်သန်းတန်ဖိုးရှိသည့် မျိုးသုဉ်းမည့် အန္တရာယ် ရင်ဆိုင်နေရသော ရေမြင်းနှင့် မိကျောင်းအသားများ မှောင်ခိုတင်သွင်းမှုကို ဖမ်းမိခဲ့ကြောင်း သိရသည်။ ယင်းတို့ကို တရုတ်ဟင်းလျာများနှင့် ဆေးဖော်စပ်ရာတွင် သုံးရန်ဖြစ်သည်ဟု ယုံကြည်ရသည်။
Ref:AFP
eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here